WhatsApp ဟာ လက်ရှိမှာ လူသုံးများတဲ့ Messaging App တစ်ခုဖြစ်သလို အခုနောက်ပိုင်းမှာ Feature တွေအများအပြား အသစ်ထည့်သွင်းနေတာဖြစ်ပါတယ်။ ဒါကလည်း Telegram လိုမျိုး အခုနောက်ပိုင်းအောင်မြင်လာတဲ့ Messaging App တွေကို ယှဥ်ပြိုင်ဖို့အတွက် ဖြစ်နိုင်ပါတယ်။

အခုလည်း WhatsApp ကနေ တခြား Messaging App တွေမှာ အသုံးပြုနိုင်တဲ့ Feature တစ်ခုကို ထပ်မံထည့်သွင်းလိုက်ပါတယ်။ ဒါက ပုံမှန် Text နဲ့ Voice Message တွေအပြင် Video Message တွေကိုပါ ပေးပို့နိုင်အောင် Update လုပ်ပေးလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် WhatsApp အသုံးပြုသူအချင်းချင်း Video Message တွေကို ပေးပို့၊ လက်ခံနိုင်တော့မှာဖြစ်ပြီး Video Message တစ်ခုဟာ အချိန် ၁ မိနစ်အထိ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ WhatsApp ရဲ့ ထုံးစံအတိုင်း End-to-End Encryption ကို ထောက်ပံ့ပေးထားမှာဖြစ်တာကြောင့် လုံခြုံရေးပိုင်းမှာ တခြား Messaging App တွေထက် စိတ်ချရမှာဖြစ်ပါတယ်။

WhatsApp ကနေ Video Message ကိုပေးပို့ဖို့အတွက် ပုံမှန် Voice Message ပေးပို့သလိုမျိုးပဲ Video Icon ကို ဖိထားပြီး Record ပြုလုပ်ရမှာဖြစ်ပြီး လက်ကို လွှတ်လိုက်တဲ့အချိန်မှာ ပေးပို့သွားမှာဖြစ်ပါတယ်။ တကယ်လို့ Video Icon ကို မဖိထားပဲ Record ပြုလုပ်ချင်တယ်ဆိုရင်လည်း Icon ကို Swipe Up ပြုလုပ်လိုက်ရင် Record ကို Lock ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။ အားသာချက်တစ်ခုက အဆိုပါ ပေးပို့လိုက်တဲ့ Video တွေက ပုံမှန်အတိုင်းကြည့်မယ်ဆိုရင် အသံကို Mute လုပ်ထားမှာဖြစ်ပြီး Unmute လုပ်ဖို့အတွက် Video ကို တစ်ချက်နှိပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

WhatsApp ရဲ့ ပြောကြားချက်အရ အခု Video Message Feature ကို စတင်ထုတ်ပေးနေပြီဖြစ်ပြီး မကြာခင်မှာ အသုံးပြုသူတွေအားလုံးဆီမှာ ရရှိသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena