Windows 11 ရဲ့ အမိုက်ဆုံး လုပ်ဆောင်ချက်ကို ပြောပါဆိုရင် Android App တွေကို အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ကို Windows 11 မှာ အသုံးပြုဖို့ဆိုရင် စိတ်နည်းနည်း ရှည်ရမှာပါ။
Microsoft က အောက်တိုဘာလ ၅ ရက်နေ့မှာ Windows 11 ကို ဖြန့်ချိပေးမှာ ဖြစ်ပေမယ့် Android App Support မပါလာသေးဘူးလို့ Website မှာ ကြေညာလိုက်ပါတယ်။ လာမယ့် လအနည်းငယ်အတွင်း Insider User တွေအတွက် စတင် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
ကောင်းတဲ့ သတင်းက ပထမဆုံး Stable Version မှာ Windows 11 ရဲ့ တခြား လုပ်ဆောင်ချက်အားလုံး ပါလာမယ်ဆိုတာ ဖြစ်ပါတယ်။ Windows 11 မှာ တိုးတက်ပြောင်းလဲမှုများစွာ ပါလာမှာ ဖြစ်ပြီး Start Menu နဲ့ UI ဒီဇိုင်းကို အဆင့်မြှင့်ထားမှာဖြစ်ပါတယ်။ Sounds , Widgets နဲ့ Microsoft Store App တွေကို ဆန်းသစ်ထားပြီး Auto HDR နဲ့ Direct Storage တွေလို Gaming လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပါတယ်။
Microsoft ဟာ အောက်တိုဘာလ ၅ ရက်နေ့မှာ နောက်မျိုးဆက် Windows OS ကို ဖြန့်ချိမှာ ဖြစ်ပြီး Windows အစစ်အမှန် တင်ထားတဲ့ ပီစီတွေအတွက် အခမဲ့ ရယူနိုင်မှာပါ။ Windows 10 တင်ထားသူတွေဟာ Update ရရင် Windows Update ကနေ အသိပေးမှာ ဖြစ်ပါတယ်။
Ref : gsmarena