Microsoft ဟာ လက်ရှိအချိန်မှာ Windows 11 ကို ကွန်ပျူတာတွေအတွက် ထုတ်ပေးထားပြီးဖြစ်ပါတယ်။ မကြာသေးခင်တုန်းက Microsoft ရဲ့ AI Chatbot တစ်ခုဖြစ်တဲ့ Bing Chat ကို Microsoft Copilot နာမည်နဲ့ Windows 11 အသုံးပြုသူတွေအတွက် မိတ်ဆက်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဆိုပါ Microsoft Copilot ဟာ Windows Operating System အသုံးပြုထားတဲ့ ကွန်ပျူတာတွေအတွက် ပထမဆုံး AI Feature တစ်ခုဖြစ်ပြီး Microsoft က လာမယ့် ၂၀၂၄ ခုနှစ်မှာ ပိုပြီး AI Feature တွေကို Windows အတွက် မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အခုလို AI Feature အသစ်တွေဟာ လက်ရှိ Windows 11 မှာ ထည့်သွင်းသွားမယ့်အစား Windows 12 Operating System အသစ်အနေနဲ့ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

လောလောဆယ်မှာ Microsoft ကနေ Windows 12 ကို Codename အနေနဲ့ Hudson Valley ဆိုပြီး နာမည်ပေးထားပြီး ၂၀၂၄ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ Codename Hudson Valley တဖြစ်လဲ Windows 12 ရဲ့ အဓိကပြောင်းလဲမှုတွေက လက်ရှိ Windows 11 နဲ့ နှိုင်းယှဥ်ရင် AI Feature တွေအများအပြားပါဝင်လာတာပဲ အဓိကကွာခြားသွားမှာဖြစ်ပါတယ်။

လက်ရှိပေါက်ကြားထားတဲ့သတင်းတွေအရ Windows 12 မှာ လက်ရှိ Microsoft AI Copilot ထက်ပိုအဆင့်မြင့်တဲ့ Advanced Co-pilot Feature အပြင် AI Windows Shell Feature တွေပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေဟာ AI ပိုင်းကို လိုအပ်မှ ခိုင်းစေတာမျိုးမဟုတ်ဘဲ အသုံးပြုနေတဲ့ Software တွေကို Background မှာ အလုပ်လုပ်နိုင်အောင် Optimized ပြုလုပ်တာမျိုးတွေ၊ Search ၊ Application Launch နဲ့ Workflow Managment ပိုင်းတွေကိုပါ နောက်ကွယ်က ဆောင်ရွက်နေမှာဖြစ်ပြီး အသုံးပြုနေတဲ့ပုံစံကိုလည်း သိရှိပြီး အကူအညီရယူနိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး Microsoft ကနေ Windows 12 ကို AI Feature တွေအများအပြားဖြင့် Upgrade လုပ်လာမယ့်အပြင် လောလောဆယ်မှာ AMD နဲ့ Intel လိုမျိုး ကွန်ပျူတာတွေအတွက် Processor ထုတ်လုပ်သူတွေကလည်း AI ပိုင်း ဦးစားပေးထားတဲ့ Processor Generation အသစ်တွေကို မိတ်ဆက်ဖို့ရှိနေတာကြောင့် လာမယ့် ၂၀၂၄ ခုနှစ်ဟာ AI နှစ်လို့တောင် ပြောနိုင်မှာပါ။

Ref – Gizmo China