နယူးယောက် အခြေစိုက် ဆိုက်ဘာ လုံခြုံရေး အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Wiz က DeepSeek ရဲ့ လုံခြုံရေး ဟာကွက်ကြီးကို တွေ့ရှိခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ Chat History ၊ Software Keys နဲ့ Log Entries စတဲ့ ဒေတာ ၁ သန်းကျော် ပေါက်ကြားနေပါတယ်။
Wiz က DeepSeek ဟာ မလုံခြုံတဲ့ ClickHouse Database ကို အွန်လိုင်းမှာ အသုံးပြုထားတဲ့အတွက် ဒေတာတွေကို အလွယ်အကူ ယူနိုင်တာလို့ ပြောပါတယ်။
Authentication Controls တွေ မရှိတဲ့အတွက် လူတိုင်းက အဲဒီ Database ကို ရယူနိုင်ပြီး Password တွေကို ကူးယူနိုင်ကာ DeepSeek ရဲ့ စနစ်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ Wiz က ဒီကိစ္စကို သတိပေးပြီးနောက်မှာ DeepSeek က အဲဒီ Database ကို မြန်မြန်ပဲ ပြန်သိမ်းသွားခဲ့ပါတယ်။
အဲဒီ ဒေတာ ပေါက်ကြားမှုကြောင့် တစ်ကမ္ဘာလုံးက အစိုးရတွေက စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီက အဲဒီရဲ့ အကျိုးသက်ရောက်မှုကို စစ်ဆေးနေပြီး အီတလီနဲ့ အိုင်ယာလန် အာဏာပိုင်တွေက DeepSeek ရဲ့ ဒေတာ ကိုင်တွယ်တဲ့ နည်းလမ်းတွေကို စုံစမ်းနေပါတယ်။
Ref : Technology Innovation