Xiaomi 13T Series ဖုန်းတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက မိတ်ဆက်ဖို့စီစဥ်ထားခဲ့ပေမယ့် လောလောဆယ်အထိ မိတ်ဆက်ထားခြင်းမရှိပါဘူး။ အခုအချိန်မှာတော့ Xiaomi ကနေ Xiaomi 13T Series ဖုန်းတွေ မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

အဆိုပါသတင်းကို Xiaomi ရဲ့ Founder နဲ့ CEO အဖြစ်တာဝန်ယူထားတဲ့ Lei Jun ကိုယ်တိုင် X (ယခင် Twitter) မှာ ဖော်ပြခဲ့တာဖြစ်ပြီး Launch Event ကို လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဘာလင်မြို့၊ ဂျာမနီနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Launch Event ကို Online ကနေတစ်ဆင့်လည်း Mi.com သို့မဟုတ် Xiaomi YouTube Channel ကနေ တိုက်ရိုက်ပြသသွားမယ်လို့ သိရပါတယ်။

Xiaomi 13T Series ဖုန်းတွေဟာ ထူးခြားချက်အနေနဲ့ “Co-engineered with Leica” ဆိုပြီး Camera ပိုင်းမှာ Leica နဲ့ ပူးပေါင်းထုတ်လုပ်ထားမှာဖြစ်ပါတယ်။ ယခင်တုန်းက Leica နဲ့ အခုလိုပူးပေါင်းမှုဟာ ပုံမှန် Xiaomi 13 Series ဖုန်းတွေနဲ့ Foldable ဖုန်းတွေမှာပဲ ပါဝင်ခဲ့ပေမယ့် အခုအချိန်မှ ပထမဆုံးအနေနဲ့ Xiaomi T Series ဖုန်းတွေမှာ Leica နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

Xiaomi 13T Series မှာ Xiaomi 13T အပြင် Xiaomi 13T Pro ဆိုပြီး ၂ မျိုး ပါဝင်မှာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတုန်းက တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ Redmi K60 Ultra ဖုန်းနဲ့ ဆင်တူမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် Redmi K60 Ultra ဖုန်းဟာ Leica Branding ပါဝင်ခြင်းမရှိတာကြောင့် Camera ပိုင်းမှာ အနည်းငယ်ကွာခြားနိုင်ပါတယ်။

Ref – GSM Arena