Xiaomi က ဒီလ ၁၂ ရက်နေ့ အိန္ဒိယမှာ Xiaomi 14 Civi ကို ကြေညာဖို့ပြင်ဆင်နေပါတယ်။ အဲဒီဖုန်းဟာ မတ်လက တရုတ်မှာ ကြေညာခဲ့တဲ့ Civi 4 Pro ကို အမည်ပြောင်းထားတာလို့ သတင်းထွက်နေပါတယ်။

Xiaomi 14 CIVI Indian variant retail box

Tipster Abhishek Yadav က မိတ်ဆက်ပွဲ မတိုင်ခင်မှာ Xiaomi 14 Civi ရဲ့ ဘူးခွံဓါတ်ပုံကို မျှဝေလိုက်ပြီး အဓိက Specs  တွေကို သိလာရပါတယ်။ ဒါ့အပြင် အဲဒီဖုန်းဟာ Civi 4 Pro ကို အမည်ပြောင်းထားတာလည်း သေချာသွားပါတယ်။

Xiaomi CIVI 4 Pro

ဘူးခွံမှာ အဲဒီဖုန်းမှာ Leica ရဲ့ 50MP Main ကင်မရာနဲ့ 32MP အရှေ့ ကင်မရာ ၂ လုံးပါလာမယ်လို့ ဖော်ပြထားပါတယ်။ Curved AMOLED 1.5K Display ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Snapdragon 8s Gen 3 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 4,700mAh Battery ပါလာမှာပါ။ Cruise Blue, Matcha Green နဲ့ Shadow Black အရောင်တွေ ထုတ်လုပ်ထားမှာပါ။

တခြား Specs တွေဟာ Xiaomi Civi 4 Pro နဲ့ တူညီမှာ ဖြစ်ပြီး 6.55” Display , 3,000 Nits Peak Brightness , 12MP Ultrawide , 50MP Telephoto , 50MP Main ကင်မရာ ပါလာနိုင်ပါတယ်။

Snapdragon 8s Gen 3 Chip ကို LPDDR5x RAM , UFS 4.0 Storage နဲ့ တွဲဖက်ထားနိုင်ပြီး 67W Fast Charging ပါလာနိုင်ပါတယ်။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref : gizmochina