Xiaomi ဟာ မကြာသေးခင်တုန်းကမှ တရုတ်ပြည်စျေးကွက်အတွင်းမှာ Xiaomi Mix Fold 3 Foldable ဖုန်းအပြင် Redmi K60 Ultra ၊ Xiaomi Pad 6 Max Tablet တွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာလည်း နောက်ထပ် Xiaomi 13T Series စမတ်ဖုန်းအသစ် ၂ မျိုးကို မိတ်ဆက်သွားဦးမယ်ဆိုပြီး သတင်းရရှိထားပါတယ်။
အခုလိုမျိုး ဆက်တိုက်စမတ်ဖုန်းအသစ်တွေ မိတ်ဆက်နေတဲ့ Xiaomi ဟာ လာမယ့်နှစ်ကုန်ပိုင်းမှာလည်း Next Generation Flagship ဖုန်းတွေဖြစ်လာမယ့် Xiaomi 14 Series ဖုန်းတွေကို မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။ အဆိုပါ Xiaomi 14 Series ဖုန်းတွေဟာ Qualcomm Snapdragon 8 Gen 3 Chipset အသစ်ကို အသုံးပြုလာမယ့်အပြင် အဆင့်မြှင့်တင်မှုတွေလည်း အများအပြားပြုလုပ်ထားမယ်လို့ ခန့်မှန်းနေကြတာပဲဖြစ်ပါတယ်။
နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ Xiaomi ဟာ Xiaomi 14 Series ဖုန်းတွေထဲမှာ Xiaomi 14 Pro Special Edition ဆိုပြီး သီးသန့်ဖုန်းတစ်မျိုးကိုပါ မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Xiaomi 14 Pro Special Edition ဖုန်းဟာ Display ကိုထိခိုက်မှုတွေကို ကာကွယ်ဖို့အတွက် Nano-ceramic Glass Cover အပြင် ဖုန်းကိုယ်ထည်ကို Titanium Alloy Frame နဲ့ နောက်ကျောဘက် Panel ကို Ceramic ဖြင့် ပြုလုပ်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Xiaomi Flagship ဖုန်းတွေထမှာ Build Quality ပိုင်း Premium အဖြစ်ဆုံးဖုန်းလို့ ပြောလို့ရမှာပါ။
ဒါတင်မဟုတ်သေးဘဲ အဆိုပါ Xiaomi 14 Pro Special Edition ဖုန်းဟာ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ဖုန်းတွေဟာ Apple ၊ Xiaomi အပြင် တချို့သောဖုန်းကုမ္ပဏီတွေလောက်ပဲ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Qualcomm ကနေ Snapdragon 8 Gen 3 Chipset ကို အောက်တိုဘာလအတွင်းမှာ မိတ်ဆက်ဖို့ စီစဥ်ထားတဲ့အတွက် Xiaomi 14 Series ဖုန်းတွေကို အစောဆုံး နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလမှ မြင်တွေ့ရမှာဖြစ်ပါတယ်။
Ref – Gizmo China