Xiaomi 15 နဲ့ Xiaomi 15 Pro ဟာ Qualcomm ရဲ့ နောက်ထွက်မယ့် စွမ်းရည်မြင့် Snapdragon 8 Gen 4 SoC ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ စမတ်ဖုန်းတွေကို အောက်တိုဘာလမှာ ကြေညာမှာပါ။ အခုတော့ အဲဒီ စမတ်ဖုန်းတွေရဲ့ ကင်မရာ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

Xiaomi 15 Series Key Features Surface Online: Read on to know more - Smartprix

နာမည်ကြီး Leakster Digital Chat Station က Xiaomi 15 နဲ့ 15 Pro မှာ Customized OmniVision 50MP Main ကင်မရာ ထည့်သွင်းထားမှာ ဖြစ်ပြီး Sensor Size က 1/1.3” ရှိမယ်လို့ ပြောပါတယ်။ ကြီးမားတဲ့ Aperture ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Xiaomi 15 Series Key Features Surface Online: Read on to know more - Smartprix

Xiaomi 15 နဲ့ 15 Pro ရဲ့ Lenses တွေမှာ Multi-layer Anti-reflection Coating အသစ်ကို ထည့်သွင်းထားမှာ ဖြစ်ပြီး အလင်းပြန်တာနဲ့ Ghost Effect တွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ Xiaomi 15 Pro မှာ Periscope Telephoto ကင်မရာ ၁ လုံး ပါလာနိုင်ပြီး Xiaomi ဟာ အရင်ကတော့ Ultra Device တွေမှာပဲ အဲဒီ ကင်မရာကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Ref : gsmarena