Xiaomi က ဒီလနှောင်းပိုင်း (ဒီလ ၂၆ ရက်နေ့ ဖြစ်နိုင်)မှာ SU7 Ultra ကားနဲ့အတူ 15 Ultra ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Ultra ၂ ခုစလုံးအတွက် Teaser Campaign အနေနဲ့ Xiaomi က ရှန်ဟိုင်း နိုင်ငံတကာ ကားမောင်းကွင်းမှာ SU7 Ultra ကားမောင်းနှင်တာကို 15 Ultra နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုကို မျှဝေလိုက်ပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

အဲဒီကားဟာ ကားမောင်းကွင်းများစွာမှာ မောင်းနှင်ထားပြီး Nurburgring Nordschleife ကားကွင်းမှာ အောက်တိုဘာလက အမြန်ဆုံး တံခါး ၄ ပေါက်ပါ ကား အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

Xiaomi SU7 Ultra details, 0-100 km/h 1.98 seconds, 1548 horsepower,350 km/h  top speed,In-Depth Look - YouTube

SU7 Ultra ကို အောက်တိုဘာလ ကတည်းက ကြိုတင်မှာယူခွင့်ပေးထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ယွမ် ၈၁၄,၉၀၀ (ဒေါ်လာ ၁၁၁,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Xiaomi 15 Ultra နဲ့အတူ ကားကို ကြေညာလိုက်တာနဲ့ စတင် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Xiaomi ဟာ ဒီနှစ်ထဲမှာ ကား အစီးရေ ၃၀၀,၀၀၀ ရောင်းချဖို့ ရည်မှန်းထားပြီး အဲဒီအထဲမှာ SU7 Ultra အစီးရေ ၁၀,၀၀၀ ပါဝင်ပါတယ်။

Xiaomi 15 Ultra မှာ Snapdragon 8 Elite Chipset ပါလာနိုင်ပြီး အနောက်ကင်မရာ ၄ လုံးက 50MP Main 1 Inch Sensor, 50MP Ultrawide, 50MP Short-range Telephoto နဲ့ 200MP Long-range Periscope Telephoto တို့ ဖြစ်နိုင်ပါတယ်။ 6,000mAh Battery နဲ့ 90W Wired, 50W Wireless Charging ပါလာနိုင်ပါတယ်။

Ref : gsmarena