Xiaomi ဟာ ၂၀၂၅ ခုနှစ်ကုန်မှာ စွမ်းရည်မြင့် Xiaomi 16 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ မကြာခင်က သတင်းအရ အဲဒီဖုန်းမှာ Snapdragon 8 Elite/Dimensity 9500 Chip ထည့်သွင်းထားမှာ ဖြစ်ပြီး ကြီးမားတဲ့ 7,000mAh Battery ပါလာနိုင်ပါတယ်။
ဒါဟာ Xiaomi 15 ရဲ့ 5,400mAh Battery ထက် အများကြီး တိုးတက်လာတာပါ။ စွမ်းရည်မြင့် Silicon-carbon Battery နည်းပညာနဲ့ တည်ဆောက်ထားတဲ့ Battery ဆိုတာ သေချာပါတယ်။
လက်ရှိ Xiaomi 15 ဟာ အရွယ်အစားသေးငယ်တဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပြီး 6.36” Display ပါလာပါတယ်။ Xiaomi 16 မှာတော့ ပိုကြီးမားတဲ့ Display ပါလာမယ်လို့ သတင်းထွက်နေပါတယ်။
OnePlus ကလည်း နောက်ထွက်မယ့် 6.3” Compact စွမ်းရည်မြင့် OnePlus 13T မှာ ကြီးမားတဲ့ 6,200mAh Battery ပါလာမယ်လို့ အတည်ပြုထားပါတယ်။ Xiaomi 16 ရဲ့ 7,000mAh Battery က ပိုကြီးမှာ ဖြစ်ပါတယ်။
တရုတ် ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဖုန်းတွေမှာ Silicon-carbon Battery တွေကို ထည့်သွင်းလာကြပါတယ်။ အဲဒီ Battery နည်းပညာ Battery အရွယ်အစားကို သေးငယ်စေသလို ပမာဏများများ ထည့်သွင်းနိုင်တဲ့အတွက် တော်တော်မိုက်ပါတယ်။
Ref: Gizmochina