Xiaomi က တရုတ်မှာ Band 7 စမတ်လက်ပတ်ကို ကြေညာလိုက်ပါတယ်။ Band 7 နဲ့ Band 7 NFC ဆိုပြီး ၂ မျိုး ထုတ်လုပ်ထားပြီး ၁.၆၂ လက်မ AMOLED 192x490p မျက်နှာပြင် ပါလာပါတယ်။ 326 PPI ထောက်ပံ့ထားပြီး အမြင့်ဆုံး Brightness အနေနဲ့ 500 nits အထိ ထည့်ထားပါတယ်။ Always-on Display လုပ်ဆောင်ချက် ထည့်ထားပြီး MIUI 13 မှာလို Dynamic Mars Wallpaper ပါလာပါတယ်။ ဒီဇိုင်း အပိုင်း ပြောရရင် Mi Band 6 နဲ့ ဆင်တူပြီး အလေးချိန်က ၁၃.၅ ဂရမ်ပဲ ရှိပါတယ်။
Band 7 မှာ Xiao AI Assistant ပါလာပြီး Sports Mode ပေါင်း ၁၂၀ ထည့်ထားပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးနိုင်ပြီး ၉၀ ရာခိုင်နှုန်းအောက် ကျသွားရင် သတိပေးနိုင်ပါတယ်။ နှလုံးခုန်နှုန်း၊ အိပ်စက်မှု အခြေအနေ၊ စိတ်ဖိစီးမှုနဲ့ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို တွက်ချက်ပေးနိုင်ပါတယ်။
Band 7 မှာ အရွယ်ကြီး 180mAh ဘက်ထရီ ပါလာပြီး ၁ ခါအားသွင်းထားရင် ၁၅ နာရီ အသုံးခံပါတယ်။ အရင်မျိုးဆက်တွေမှာလို သံလိုက် Charger ကို အသုံးပြုထားပါတယ်။
Band 7 NFC ကို ၂၉၉ ယွမ်နဲ့ ရိုးရိုး မော်ဒယ်ကို ၂၄၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈၂,၀၀၀ နဲ့ ၆၉,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလ ၃၁ ရက်နေ့ ရောင်းမှာပါ။
Ref : gizmochina