XDA Developers ကနေ ထွက်ပေါ်လာတဲ့ သတင်းမှာ Xiaomi ဟာ ထုတ်ကုန်စီးရီးသစ်တစ်ခုအတွက် ဖုန်းနှစ်လုံးကို ထုတ်လုပ်နေတယ်လို့ ဆိုထားပါတယ်။ လောလောဆယ် ကုဒ်နာမည် “Gauguin” နဲ့ “Gauguin Pro” ဆိုပြီးပေးထားတဲ့ ဖုန်းနှစ်လုံးဟာ တရုတ်ပြည်တွင်း၊ အိန္ဒိယစျေးကွက်နဲ့ နိုင်ငံတကာစျေးကွက်ဆိုပြီး သုံးမျိုးရည်ရွယ်ထုတ်လုပ်လာနိုင်ပါတယ်။

ဒီဖုန်းနှစ်လုံးဟာ MIUI 12 Code မှာလည်း ပေါ်ပေါက်လာခဲ့ပြီး Guaguin ဖုန်းက မော်ဒယ်နံပါတ် J17 နဲ့ Gauguin Pro ကတော့ J17 Pro အမည်အသီးသီး ခံယူထားပါတယ်။ နှစ်မျိုးစလုံးမှာ Qualcomm ချစ်ပ်ဆက်တွေကို အသုံးပြုလာမှာပါ။

J17 မော်ဒယ်ဟာ 64MP အဓိကကင်မရာကို အသုံးပြုလာမှာဖြစ်ပေမယ့် Pro မော်ဒယ်မှာတော့ အဓိက Lens အဖြစ် 108MP Sensor ကို အသုံးပြုလာမယ်လို့ ဆိုထားပါတယ်။ တရုတ်ပြည်တွင်းက Tipster အချို့ကလည်း ဒီအတိုင်းပြောထားတာ ပြီးခဲ့တဲ့လတည်းကပါ။

ဒါပေမယ့် သတင်းအချို့ကတော့ MIUI 12 ထဲက ဖော်ပြချက်မှာ အမှားအယွင်းတစ်ချို့ပါပြီး တရုတ်ပြည်တွင်းမှာ မိတ်ဆက်မယ့် Gauguin နဲ့ Gauguin Pro နှစ်မျိုးလုံးမှာ 108MP ပါတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အခြားစျေးကွက်တွေ ကိုတော့ 64MP ကင်မရာတွေနဲ့သာ တင်ပို့မယ်လို့ ဆိုထားပြန်ပါတယ်။ မတူညီတဲ့ ဖော်ပြချက်တွေဖြစ်နေလို့ နောက်ထပ် သတင်းထွက်လာတာ ထပ်စောင့်ကြည့်ရဦးမယ့်ပုံပါပဲ။

နောက်ထပ် Leak သတင်းတစ်ခုကတော့ Redmi K40 ကို အခုနှစ် Q4 ကာလမှာမြင်ရမှာဖြစ်ပြီး Snapdragon 775G ချစ်ပ်ဆက်အသုံးပြုလာမယ်လို့ ဆိုထားပါတယ်။

Ref – GizmoChina