Xiaomi က ဒီလ အစောပိုင်းက အိန္ဒိယမှာ Redmi 13C Series ကို ကြေညာခဲ့ပြီး 4G နဲ့ 5G Version တွေ ပါပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ပထမအသုတ်ကို ရောင်းချပေးခဲ့ပြီး အခုတော့ ကုမ္ပဏီက ရောင်းအားကို ကြေညာလိုက်ပါတယ်။

Redmi 13C series launch date, expected price, specs, and everything we know so far

Xiaomi India က ပထမအသုတ် ရောင်းချတဲ့ ရက်ပိုင်းအတွင်းမှာ Redmi 13C Series ဖုန်း အလုံးရေ ၃၀၀,၀၀၀ ကျော်ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ Mi.com, Amazon India နဲ့ Xiaomi ရဲ့ မြေပြင်စတိုးတွေကနေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

Redmi 13C, 13C 5G launched - Check price, specs and sale date | Zee Business

Specs အကြောင်းပြောရင် Redmi 13C နဲ့ Redmi 13C 5G တို့ဟာ အများစု တူညီကြပြီး အနည်းငယ်ပဲကွဲပြားပါတယ်။ 4G Version မှာ MediaTek Helio G85 SoC, eMMC 5.1 Storage , 2MP Macro ကင်မရာနဲ့ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ 5G Version မှာ MediaTek Dimensity 6100 Plus Chip , UFS 2.2 Storage နဲ့ 5MP အရှေ့ ကင်မရာ ပါပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 6.74” HD+ 90Hz မျက်နှာပြင်၊ Corning Gorilla Glass Protection ၊ ပြားချပ်တဲ့ ဖရိမ် ဒီဇိုင်း ၊ 50MP Main ကင်မရာ၊ နားကြပ်ပေါက်၊ microSD Card Slot ၊ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ USB Type-C ၊ 5,000mAh Battery နဲ့ 18W Charging ထည့်သွင်းထားပါတယ်။

Ref : gizmochina