နာမည်ကြီး Tipster Ice Universe က Xiaomi Mix Fold4 ကို နိုင်ငံတကာမှာ ရောင်းချမယ်လို့ သတင်းပေးထားပါတယ်။ သူက အဲဒီဖုန်းဟာ Honor Magic V3 ထက်တောင် ပါးလွှာမယ်လို့ ပြောပါတယ်။

Xiaomi announces the MIX Fold 3 with advanced image stabilisation powered by Shape Memory Alloy (SMA) Technology

Honor က သူ့ရဲ့ Foldable စမတ်ဖုန်းကို ဇူလိုင်လ ၁၂ ရက်နေ့မှာ ကြေညာဖို့ ပြင်ဆင်နေပြီး ခေါက်ထားရင် အထူ ၉.၉ မီလီမီတာနဲ့ ဖြန့်ထားရင် အထူ ၄.၇ မီလီမီတာ ရှိတဲ့ Honor Magic V2 ထက်တောင် ပါးလွှာမယ်လို့ အတည်ပြုထားပါတယ်။

Xiaomi Mix Fold 3 has arrived and it's slimmer, faster and more durable

Xiaomi ကလည်း Mix Fold4 ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး ဒီလအစောပိုင်းမှာ တရုတ်မှာ ကြေညာနိုင်ပါတယ်။ အရင်မျိုးဆက် Mix Fold စမတ်ဖုန်းတွေကိုတော့ ဩဂုတ်လမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Mix Fold4 ဟာ နိုင်ငံတကာမှာ ရောင်းချမယ့် Xiaomi ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်လာမှာပါ။ Xiaomi က Fold4 နဲ့အတူ ကုမ္ပဏီရဲ့ ပထမဆုံး Clamshell Foldable ဖြစ်တဲ့ Mix Flip ကိုပါ ကြေညာနိုင်ပါတယ်။

Ref : gsmarena