Xiaomi က ဩဂုတ်လ ၁ ရက်နေ့မှာ အိန္ဒိယမှာ Redmi 12 5G နဲ့ Redmi 12 4G ကို ကြေညာခဲ့ပြီး အခုတော့ ပထမအသုတ်ကို ရောင်းချပေးလိုက်ပါတယ်။ အိန္ဒိယမှာ ရူပီး ၃ ဘီလီယမ် ( ဒေါ်လာ ၃၆ သန်း) ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။

Redmi 12 4G

Xiaomi က ပထမအသုတ်မှာ Redmi 12 Series အလုံးရေ ၃၀၀,၀၀၀ ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် 4G နဲ့ 5G မော်ဒယ် အလုံးရေကို ခွဲခြား မပြောပါဘူး။ Redmi 12 4G ကို ရူပီး ၉,၉၉၉ ( ၁၂၀ ဒေါ်လာ) နဲ့ Redmi 12 5G ကို ရူပီး ၁၁,၉၉၉ ( ၁၄၅ ဒေါ်လာ ) နဲ့ ရောင်းချပေးထားပါတယ်။

Redmi 12 5G

Redmi 12 5G ဟာ Snapdragon 4 Gen 2 SoC ပါတဲ့ အိန္ဒိယရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ 6.79” FullHD+ 90Hz LCD မျက်နှာပြင် တပ်ဆင်ထားပြီး 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာတွေ ထည့်သွင်းထားပါတယ်။

Redmi 12 4G မှာ Helio G88 Chip တပ်ဆင်ထားပြီး Specs အများစုက 5G မော်ဒယ်နဲ့တူညီပါတယ်။ ကွဲပြားတာက အနောက်ဘက်မှာ 8MP Ultrawide ကင်မရာ တပ်ဆင်ထားတာနဲ့ Redmi 12 5G ရဲ့ UFS 2.2 မဟုတ်ဘဲ eMMC 5.1 Storage ထည့်သွင်းထားပါတယ်။

Ref : gsmarena