XiaomiTime Team က Xiaomi ဟာ HyperOS 2.0 ကို စတင် စမ်းသပ်နေပြီလို့ သတင်းပေးလာပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ် အနည်းငယ်က HyperOS 2.0 နဲ့ ပတ်သက်တဲ့သတင်းတွေ ထွက်လာခဲ့ပေမယ့် သတင်းမှန်လားဆိုတာ မသိခဲ့ရပါဘူး။ အခုတော့ XiaomiTime Team က HyperOS 2.0 ကို စတင် စမ်းသပ်နေပြီလို့ အတည်ပြုလိုက်ပါတယ်။ HyperOS 2.0 ကို အောက်တိုဘာလမှာ တရားဝင် ကြေညာမှာပါ။

Xiaomi က HyperOS 2.0 ကို အရှိန်မြှင့် ဖန်တီးနေပါတယ်။ [OSBigversion] အမည်ရ Extension အသစ်ကို Xiaomi OTA Server မှာ တွေ့လာရပါတယ်။ အဲဒီ Extension ဟာ HyperOS Version ကို သတ်မှတ်တာပါ။ ဥပမာ အနေနဲ့ HyperOS 1.0 အတွက် [OSBigversion] => 1.0 လို့ သတ်မှတ်ပြီး HyperOS 2.0 အတွက် [OSBigversion] => 2.0 လို့ သတ်မှတ်ပါတယ်။

အဲဒီ Extension ကို HyperOS Version အသစ်တွေကြားမှာ ခွဲခြား ဖို့ OTA Server မှာ ထည့်သွင်းထားတာပါ။ အဲဒီ Extension အသစ်ကြောင့် HyperOS Version အသစ်တွေဟာ သင့်ဖုန်းမှာ ပြဿနာ မရှိဘဲ ထည့်သွင်းနိုင်မှာပါ။ ဒါဟာ HyperOS 2.0 ကို တရားဝင် စတင် ဖန်တီးနေတာကို ပြသပါတယ်။

HyperOS 2.0 ကို အောက်တိုဘာလမှာ Xiaomi 15 Series နဲ့ ကြေညာနိုင်ပါတယ်။ Xiaomi ဟာ စွမ်းရည်မြင့် ဖုန်းတွေနဲ့အတူ User Interface အသစ်ကို ကြေညာလေ့ရှိပြီး နောက်ပိုင်းမှာ Update ကို ဖြည်းဖြည်းချင်း ဖြန့်ချိလေ့ရှိပါတယ်။

Ref : gizmochina