Xiaomi Redmi 13 Series မှာ Redmi 13 4G အသစ် ရောက်လာပါပြီ။ အဲဒီ စမတ်ဖုန်းဟာ အရင်နှစ်ထုတ် Redmi 12 ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး Redmi 13 4G မှာ MediaTek Helio G91 Ultra Chipset အသစ်၊ 108MP Main ကင်မရာတွေနဲ့ အဆင့်မြှင့်ထားပါတယ်။

Redmi 13 4G မှာ 6.79” IPS LCD Display တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 90Hz Refresh Rate ထည့်သွင်းထားပါတယ်။ အဲဒီ Specification တွေက Redmi 12 နဲ့ တူညီပါတယ်။ အရှေ့ဘက်မှာ 13MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 108MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးပါပါတယ်။

Redmi 13 4G: Launched in Europe with Helio G91 Ultra and 108MP camera - News by Xiaomi Miui Hellas

ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပြီး IP53 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ 33W Charging ထောက်ပံ့တဲ့ 5,030mAh Battery ပါလာပြီး Software က Android 14 အခြေပြု Xiaomi HyperOS မောင်းနှင်ထားပါတယ်။

Redmi 13 4G အတွက် Blue, Black နဲ့ Pink အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး 6/128GB Version ကို ၁၉၉.၉၉ ယူရိုနဲ့ တန်ဖိုးအကြီးဆုံး 8/256GB Version ကို ၂၂၉.၉၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena