Xiaomi Redmi 13C ကို မကြေညာရသေးခင်မှာ Amazon မှာ တင်ထားတာကို တွေ့လာရပါတယ်။ အဲဒီဖုန်းဟာ မကြာခင်က ကြေညာခဲ့တဲ့ Poco C65 နဲ့ ဆင်တူပေမယ့် တချို့ Specs တွေ ကွဲပြားပါတယ်။ Chipset နဲ့ အရှေ့ ကင်မရာတွေ မတူညီကြပါဘူး။ Amazon မှာ စောစောစီးစီး စာရင်းတင်ထားတဲ့အတွက် အဲဒီ Specs တွေဟာ ရာနှုန်းပြည့် မှန်ကန်မယ်လို့ မပြောနိုင်ပါဘူး။

Redmi 13C listing on Amazon

Redmi 13C မှာ 6.74” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 5MP အရှေ့ ကင်မရာ ပါလာပါတယ်။ Amazon မှာ Refresh Rate ကိုတော့ မဖော်ပြထားပါဘူး။

Redmi 13C listed on Amazon ahead of launch, full spec sheet and design  revealed

အဲဒီဖုန်းမှာ Helio G99 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Poco C65 မှာတော့ 12nm Helio G85 ထည့်ထားပါတယ်။ Redmi 13C မှာ 4GB RAM ပါလာပြီး 6GB RAM မော်ဒယ်လည်း ထွက်လာနိုင်ပါတယ်။

Redmi 13C ရဲ့ အနောက်ဘက်မှာ 50MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Android 12 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Redmi 13C ရဲ့ 4/128GB ကို ၁၄၀ ဒေါ်လာနဲ့ 6GB RAM ကို ၁၆၀ ဒေါ်လာ သတ်မှတ်ထားပြီး မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gsmarena