Xiaomi ဟာ Redmi 13 Series ကို စတင် ကြေညာနေပြီ ဖြစ်ပြီး အခုတော့ ပထမဆုံး ဖုန်း အနေနဲ့ Redmi 13C ကို ချပြလိုက်ပါတယ်။ နိုင်ဂျီးရီးယားမှာ ကြေညာလိုက်တာ ဖြစ်ပြီး တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း ဖြစ်ပါတယ်။ တခြား နိုင်ငံတွေမှာလည်း အဲဒီဖုန်းကို ရောင်းချမှာ ဖြစ်ပါတယ်။

Xiaomi Redmi 13C officially announced

Redmi 13C ရဲ့ ဒီဇိုင်းဟာ Poco C65 နဲ့ ဆင်တူပေမယ့် ကွဲပြားချက်တချို့ ပါပါတယ်။ Chipset က တူညီပြီး 12nm Helio G85 ဖြစ်ပါတယ်။ 4GB, 6GB , 8GB RAM နဲ့ 128GB , 256GB Storage ထည့်သွင်းထားပါတယ်။ မျက်နှာပြင်က 6.74” 1600x720p LCD ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Xiaomi Redmi 13C has been officially announced globally

Redmi 13C မှာ 8MP အရှေ့ ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Macro ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပေမယ့် ဘူးထဲမှာ 10W Charger ပဲ ထည့်ပေးထားပါတယ်။

Redmi 13C အတွက် Black နဲ့ Clover Green အရောင်တွေ ထုတ်လုပ်ထားပြီး 4/128GB Version ကို ၁၁၄ ယူရိုနဲ့ 8/256GB Version ကို ၁၂၅ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena