Xiaomi က Redmi Note Series စမတ်ဖုန်း အသစ် ၁ လုံး ဖြစ်တဲ့ Redmi Note 12 Pro 4G ကို ကြေညာလိုက်ပါတယ်။ အင်ဒိုနီးရှားမှာ မိတ်ဆက်လိုက်တာ ဖြစ်ပြီး Redmi Note 12 Pro 4G မှာ Snapdragon 732G Chipset ၊ 108MP Main ကင်မရာ တပ်ဆင်ထားပြီး ကင်မရာ Island က Redmi Note 11 Series နဲ့ ဆင်တူပါတယ်။

Snapdragon 732G Chipset ဟာ 4G LTE ကိုပဲ ထောက်ပံ့ပေးပြီး 2.3GHz CPU Core ၂ လုံး တပ်ဆင်ထားပါတယ်။ Chipset ရဲ့ သက်တမ်းဟာ ၃ နှစ်ကြာပြီ ဖြစ်ပေမယ့် စွမ်းဆောင်ရည် ကောင်းမွန်ကာ ၂၀၂၁ ခုနှစ် မတ်လက ထွက်ခဲ့တဲ့ Redmi Note 10 Pro မှာ ထည့်သွင်းထားပါတယ်။

Redmi Note 12 Pro 4G မှာ 67W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် အထက် အလယ်မှာ Punch Hole ပါလာပြီး 6.67” AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 4K Video ရိုက်ကူးနိုင်ပြီး စတီရီယို စပီကာတွေနဲ့ နားကြပ်ပေါက် ပါလာပါတယ်။ Dolby Vision Atmos ထောက်ပံ့ထားပါတယ်။

Redmi Note 12 Pro 4G ကို အင်ဒိုနီးရှားမှာ မေလ ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။ တခြားနိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မကြာခင် သိလာရနိုင်ပါတယ်။

Ref : gsmarena