မကြာခင်ကမှ ကြေညာထားတဲ့ Qualcomm Snapdragon 4 Gen 2 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းက Redmi Note 12R ဖြစ်ပြီး Chipset ဟာ စွမ်းရည်သင့် အမျိုးအစား ဖြစ်ပါတယ်။

Xiaomi Redmi Note 12R: First Snapdragon 4 Gen 2 smartphone debuts with Redmi 12 design - NotebookCheck.net News

Chipset နဲ့ ကင်မရာတွေကလွဲပြီး Redmi Note 12R ရဲ့ Specs တွေဟာ မကြာခင်က ကြေညာခဲ့တဲ့ Redmi 12 နဲ့ တူညီပါတယ်။ 6.79” IPS LCD FHD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်သွင်းထားပြီး Punch Hole မှာ 5MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Macro ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

Redmi Note 12T key specs

Redmi Note 12R မှာ 4/6/8GB RAM နဲ့ 128/256GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။

Redmi Note 12R အတွက် Midnight Black , Time Blue နဲ့ Sky Fantasy အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 4/128GB Version ကို တရုတ်မှာ ၉၉၉ ယွမ် သတ်မှတ်ထားပြီး ၁၄၀ ဒေါ်လာ တန်ပါတယ်။ Xiaomi က Redmi Note 12R ကို တရုတ် ပြင်ပမှာ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena