Xiaomi က Redmi Note 12R Pro အမည်ရ Redmi Note 12 Series စမတ်ဖုန်း အသစ်ကို ဧပြီလ ၂၉ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။

Xiaomi Redmi Note 12R Pro is coming on April 29, design revealed

ကုမ္ပဏီက Redmi Note 12R Pro ရဲ့ ဒီဇိုင်းနဲ့ အရောင်တွေကို ပြသထားတဲ့ ပိုစတာ ၁ ခုကို မျှဝေထားပါတယ်။ ဓါတ်ပုံမှာ စမတ်ဖုန်းရဲ့ အနောက်ဘက်ကို မြင်ရပြီး ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံး တပ်ဆင်ထားတဲ့ လေးထောင့်ပုံသဏ္ဍာန် ကင်မရာ Island ပါလာပါတယ်။ ပင်မ ကင်မရာ အနေနဲ့ 48MP Sensor ကို အသုံးပြုထားပေမယ့် ဒုတိယ ကင်မရာ သတင်းအချက်အလက်ကို မသိရသေးပါဘူး။ အဲဒီ ၁ လုံးဟာ Macro သို့မဟုတ် Depth Sensor ဖြစ်နိုင်ပါတယ်။

Samsung OLED 120Hz And 12GB RAM. Redmi Note 12R Pro Launches April 29th - Gadget Tendency

ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားနိုင်ပါတယ်။ Samsung က ထုတ်လုပ်ထားတဲ့ OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Redmi Note 12R Pro မှာ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး 12GB RAM နဲ့ 256GB Storage တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ တခြား Memory Configuration တွေလည်း ထုတ်လုပ်ထားနိုင်ပါတယ်။

Redmi Note 12R Pro ကို တရုတ်မှာ ဧပြီလ ၂၉ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena