Xiaomi က အိန္ဒိယမှာ Redmi 13C Series ကို ကြေညာလိုက်ပြီး နိုင်ငံတကာအတွက် Redmi Note 13 Pro+ ကို မိတ်ဆက်မယ့် အချိန်ကိုလည်း ပြောကြားလိုက်ပါတယ်။ မိတ်ဆက်ပွဲ အဆုံးမှာ Redmi Note 13 Pro+ နဲ့ မိတ်ဆက်ပွဲတစ်ခုလုံးကို ရိုက်ကူးခဲ့တာလို့ ပြောပါတယ်။ Redmi Note 13 Pro+ ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ကြေညာမယ်လို့ အတည်ပြုခဲ့ပါတယ်။

Xiaomi Redmi Note 13 Pro series Indian launch scheduled for January 2024

Redmi Note 13 Series မှာ စမတ်ဖုန်း ၃ လုံး ပါဝင်ပြီး Redmi Note 13, Note 13 Pro နဲ့ Note 13 Pro+ တို့ ဖြစ်ပါတယ်။ Note 13 Pro+ မှာ 200MP Main ကင်မရာ ထည့်သွင်းထားပြီး 0.56µm Pixels ပါတဲ့ Samsung ရဲ့ 1/1.4” ISOCELL HP3 Sensor ဖြစ်ကာ 4K 30fps Video ရိုက်ကူးနိုင်ပါတယ်။ အရင်နှစ်ထုတ် Redmi Note 12 Pro+ မှာ အသုံးပြုထားတဲ့ Sensor နဲ့ တူညီပါတယ်။

Redmi Note 13 Pro+

အဲဒီ Note 13 Series စမတ်ဖုန်း ၃ လုံးကို တရုတ်မှာ စက်တင်ဘာလက ကြေညာခဲ့တာ ဖြစ်ပြီး အိန္ဒိယမှာ နောက်နှစ် ဇန်နဝါရီလမှာ ကြေညာနိုင်ပါတယ်။ Redmi Note 13 Series ကို နိုင်ငံတကာမှာ ကြေညာမယ့် သတင်းအချက်အလက် အသေးစိတ်ကို မကြာခင် သိလာရနိုင်ပါတယ်။

Redmi Note Series စမတ်ဖုန်းတွေဟာ ဈေးနှုန်းချိုသာပြီး စွမ်းရည်ကောင်းတဲ့အတွက် နိုင်ငံတကာမှာ လူကြိုက်များပါတယ်။ မြန်မာနိုင်ငံမှာလည်း Redmi Note Series ဟာ ရောင်းအား တော်တော် ကောင်းကြပါတယ်။

Ref: gsmarena