Xiaomi ရဲ့ တန်ဖိုးနည်း Redmi 12 5G နဲ့ Redmi 12 4G ဟာ အိန္ဒိယမှာ စံချိန်တင် ရောင်းအား ကောင်းနေပြီး စတင် ရောင်းချတဲ့ အချိန်ကစကာ ရက် ၁၀၀ အတွင်း အလုံးရေ ၃ သန်း ရောင်းချထားနိုင်ပါတယ်။ Xiaomi India က အဲဒီ အောင်မြင်မှုကို X မှာ ကြေညာထားပြီး သစ္စာရှိမှုနဲ့ ယုံကြည်မှုတွေအတွက် ဖောက်သည်တွေကို ကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။

အဲဒီဖုန်းတွေရဲ့ Specs အကြောင်း ပြန်လည် ဖော်ပြရရင် Redmi 12 5G မှာ 6.79” FHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 2460x1080p Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Redmi 12

Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Depth နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Octa-core Snapdragon 4 Gen 2 Chip မောင်းနှင်ထားပြီး 8GB LPDDR4X RAM နဲ့ 256GB UFS 2.2 Storage ထည့်သွင်းထားပါတယ်။ 18W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Redmi 12 4G မှာ MediaTek Helio G88 Chip မောင်းနှင်ထားပြီး 6GB+128GB Memory Configuration ပါပါတယ်။ အနောက်ဘက်မှာ 50MP Main, 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Chip နဲ့ ကင်မရာတွေ ကွဲပြားပေမယ့် တခြား Specs တွေက 5G Version နဲ့ တူညီပါတယ်။

Redmi 12 4G 4GB Version ဟာ ရူပီး ၉,၂၉၉ က စပြီး Redmi 12 5G 4GB Version ဟာ ရူပီး ၁၁,၉၉၉ က စပါတယ်။

Ref : gizmochina