Xiaomi CEO Lei Jun က ဘေဂျင်း၊ Changping မှာ တည်ရှိတဲ့နောက်မျိုးဆက် စမတ်ဖုန်း ထုတ်လုပ်တဲ့ စက်ရုံဟာ မကြာခင် လည်ပတ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ သူက အဲဒီ စက်ရုံကို မိတ်ဆက်တဲ့ ဗီဒီယိုကို ဝီဘိုမှာ တင်ထားပါတယ်။

လူ မရှိဘဲ ၁ ရက်မှာ ၂၄ နာရီ လည်ပတ်နိုင်တဲ့ စမတ် စက်ရုံ ဖြစ်ပြီး စက်တွေဟာ ၁ ခုနဲ့ ၁ ခု ပူးပေါင်း အလုပ်လုပ်နိုင်ပါတယ်။ Micron-level အမှုန်တွေအထိ ဖယ်ရှားနိုင်ပြီး ဖုန် ကင်းစင်အောင် ဖန်တီးထားပါတယ်။

Xiaomi's second phase of smart factory will be completed in 2023

ဖုန်းထုတ်လုပ်မှုကို ဉာဏ်ရည်မြင့် စက်တွေက ထိန်းချုပ်မှာ ဖြစ်ပြီး ၁ စက္ကန့်မှာ စမတ်ဖုန်း ၁ လုံးထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။ Lei Jun မျှဝေထားတဲ့ ဗီဒီယို အရ Xiaomi ဟာ အနာဂတ်မှာ စမတ် စက်ရုံများစွာ တည်ဆောက်မှာ ဖြစ်ပြီး အခု စမတ် စက်ရုံဟာ Xiaomi ရဲ့ ခြေလှမ်းအစပဲ ရှိပါသေးတယ်။

Xiaomi ဟာ စမတ်ဖုန်း ထုတ်လုပ်တဲ့ လုပ်ငန်းအတွက် ၂.၄ ဘီလီယမ် ယွမ် ရင်းနှီးမြှပ်နှံထားတယ်လို့ သတင်းထွက်နေပါတယ်။ Changping မှ စက်ရုံအသစ်ရဲ့ အကျယ်အဝန်းဟာ ၈၁,၀၀၀ စတုရန်း မီတာ ရှိပါတယ်။ နှစ်စဉ် စွမ်းရည်မြင့် စမတ်ဖုန်း ၁၀ သန်း ထုတ်လုပ်နိုင်ပြီး နောက်ထွက်မယ့် Xiaomi MIX Fold 4 နဲ့ Xiaomi MIX Flip တို့ကိုလည်း အဲဒီ စက်ရုံကနေ ထုတ်လုပ်မှာပါ။

Ref : gizmochina