Xiaomi ရဲ့ ပထမဆုံး SU7 လျှပ်စစ်ကားဟာ မျှော်မှန်းထားတာထက် ရောင်းအား ကောင်းနေပါတယ်။ ဒါဟာ လျှပ်စစ်ကား ဝယ်လိုအား မြင့်မားနေတာကို ပြသနေပြီး အထူးသဖြင့် တရုတ်မှာ ဖြစ်ပါတယ်။ Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်မှာ နာမည်ကြီး ကုမ္ပဏီ ဖြစ်အောင် ကြိုးစားနေပါတယ်။

Xiaomi SU7 electric car sales exceed expectations

Xiaomi ဟာ မေလမှာ SU7 ၈,၆၄၆ စီး ရောင်းချနိုင်ခဲ့ပြီး အရင်သတင်းထွက်ခဲ့တဲ့ ၈,၆၃၀ စီးထက် များသွားပါတယ်။ Xiaomi ဟာ လျှပ်စစ်ကားတွေကို အရှိန်မြှင့် ထုတ်လုပ်နိုင်တာကို ပြသနေပြီး ဇွန်လမှာ ၁၀,၀၀၀ ကျော် ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ကုမ္ပဏီဟာ SU7 ဝယ်လိုအား မြင့်မားနေတာကို ဖြည့်ဆည်းပေးဖို့အတွက် များများ ထုတ်လုပ်နိုင်တဲ့ နည်းဗျူဟာကို ကျင့်သုံးနေပါတယ်။

Xiaomi SU7 electric car sales exceed expectations

မတ်လ ၂၈ ရက်နေ့မှာ SU7 ကို စတင် ကြေညာပြီးနောက်မှာ လျှပ်စစ်ကား လောကမှာ စိတ်ဝင်စားမှု များပြားလာပါတယ်။ မေလကုန်မှာ SU7 ၁၅,၇၆၄ စီး ရောင်းချထားနိုင်တဲ့အတွက် လျှပ်စစ်ကား ဈေးကွက်မှာ ရောင်းအားကောင်းတယ်လို့ ပြောနိုင်ပါတယ်။

Xiaomi SU7 ဟာ ဒီဇိုင်းလှပပြီး အဆင့်မြင့် Feature တွေပါတဲ့အတွက် လျှပ်စစ်ကား စိတ်ဝင်စားသူတွေကြားမှာ ရွေးချယ်စရာ ဖြစ်လာပါတယ်။ ဈေးနှုန်း ချိုသာပြီး အဆင့်မြင့် Feature တွေကြောင့် အစောပိုင်းမှာ ကတည်းက ရောင်းအားကောင်းခဲ့ပါတယ်။

Ref : arenaev