မကြာသေးခင်ကပဲ မော်ဒယ်နံပါတ် M2007J1SC နဲ့ Xiaomi ဟန်းဆက်သစ်တစ်ခုကို တရုတ် 3C နဲ့ MIIT တို့မှာ အသိအမှတ်ပြုလိုက်တာကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒီဟန်းဆက်ဟာ Xiaomi ရဲ့ 120W fast charger နဲ့အတူ ထွက်ပေါ်လာမယ့် ပထမဆုံးစမတ်ဖုန်း ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

XDA-Developers ရဲ့ သတင်းဖော်ပြမှုမှာတော့ ဒီဟန်းဆက်ရဲ့ အဓိက Specs အချို့ကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် MIUI 12 ရဲ့ Code snipper အချို့မှာလည်း M2007J1SC ဟန်းဆက်ရဲ့ ကုဒ်နံမည်ဟာ CAS ဖြစ်ကြောင်း ဖော်ပြနေပါတယ်။ ဟန်းဆက်ဟာ Snapdragon 865 Plus ဒါမှမဟုတ် Snpadragon 865 SoC ကို အသုံးပြုထားဖွယ် ရှိပါတယ်။

ဒီဟန်းဆက်ဟာ 108MP ကင်မရာပါဝင်မယ်လို့လည်း သတင်းထွက်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ ပိုကြီးတဲ့ Sensor နဲ့ 48MP ကင်မရာကိုပဲ မျှော်လင့်ရမယ့်အခြေအနေ ဖြစ်ပါတယ်။ CAS ရဲ့ အနောက်ကျောဘက်မှာ အနည်းဆုံး ကင်မရာ သုံးလုံးတပ်ဆင်ထားမယ်လို့ ယုံကြည်ရပါတယ်။ တွဲဖက်ကင်မရာနှစ်လုံးကတော့ Macro နဲ့ Ultrawide တို့ပဲ ဖြစ်ဖွယ်ရှိပါတယ်။

နောက်တစ်ချက်က Periscope Zoom lens နဲ့ Optical Zoom ကင်မရာလည်း တပ်ဆင်ထားနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ သုံးစွဲသူတွေအတွက် “Supermoon” mode ကိုယူဆောင်ပေးနိုင်မှာပါ။ CAS ဟာ တရုတ်ပြည်တွင်းဈေးကွက်အတွက်ပဲ ရည်ရွယ်တယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိမယ့် အထောက်အထား တစ်ခုမှမတွေ့ရသေးတာကြောင့်ပါ။

Weibo က နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station ကတော့ ဒီဟန်းဆက်ကို Apollo လို့ နာမည်ပေးထားကြောင်းပြောခဲ့ပြီး 120Hz punch-hole display နဲ့ဖြစ်သလို အနားစွန်းတွေကလည်း Curved အမျိုးအစား ဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် High-definition zoom ကို ထောက်ပံ့ပေးပြီး သြဂုတ်လမှာ ထွက်ပေါ်လာမယ်လို့လည်း ပြောခဲ့ဖူးပါသေးတယ်။

Ref: Gizmochina