Xiaomi SU7 Ultra ရဲ့ ရွှေ ၂၄ ကာရက်ပါတဲ့ တံဆိပ်ဟာ တရုတ်မှာ ပထမဆုံး အကြိမ် အခိုးခံရလိုက်ရပြီး ကားပိုင်ရှင်တွေက စိတ်ပူနေကြပါတယ်။ အဲဒီ ရွှေဟာ ၂၉ ဒေါ်လာပဲ ရှိပေမယ့် ဈေးကွက်ထဲမှာ ပြန်လည် ရောင်းချသူတွေက ဒေါ်လာ ၂၀၀ အထိ ပေးနေကြပါတယ်။
Xiaomi CEO Lei Jun က အဲဒီ တံဆိပ်ကို ခိုးယူခံရနိုင်တယ်လို့ အရင်က သတိပေးထားပါတယ်။ အဲဒီ တံဆိပ်ဟာ ကား အရှေ့ဘက်မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ 3D -printed တံဆိပ်တွေကို အွန်လိုင်းမှာ ရောင်းချနေကြတယ်လို့လည်း သိရပါတယ်။
SU7 Ultra ဟာ Xiaomi ရဲ့ စွမ်းရည်မြင့် လျှပ်စစ်ကား ဖြစ်ပါတယ်။ ၁.၉၈ စက္ကန့်အတွင်း တစ်နာရီ ၀ ကနေ ၁၀၀ ကီလိုမီတာ အရှိန်မြှင့်နိုင်ပါတယ်။ အမြန်ဆုံးနှုန်းက တစ်နာရီကို ၃၅၀ ကီလိုမီတာ ဖြစ်ပြီး အမြန်ဆုံး တံခါး ၄ ပေါက်ပါ ကား ဖြစ်လာပါတယ်။ ဈေးနှုန်းက ၅၂၉,၀၀၀ ယွမ် (၇၂,၉၈၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။
ကားအတွင်းပိုင်းဟာ ပြိုင်ကား ဒီဇိုင်း ဖြစ်ပါတယ်။ စပီကာ ၂၅ လုံး ပါတဲ့ Surround Sound System ထည့်သွင်းထားပြီး Active Noise Cancellation ပါတဲ့အတွက် အသံအရည်အသွေး အရမ်းမိုက်ပါတယ်။ Xiaomi HyperOS မောင်းနှင်ထားပြီး AI အခြေပြု မောင်းသူမဲ့ စနစ်၊ စမတ် ကိရိယာတွေနဲ့ ချိတ်ဆက်နိုင်တဲ့ စွမ်းရည်ပါလာပါတယ်။ Xiaomi Pilot System က Real-time Navigation , Adaptive Lane Changes နဲ့ ဉာဏ်ရည်မြင့် ပါကင်ထိုး စနစ်တွေကို ပံ့ပိုးပေးပါတယ်။
Ref : Tech Explorers