Apple က Pride Edition လက်ပတ်ကြိုး အသစ် ၂ ခုကို Apple Watch အတွက် ရောင်းချပေးလိုက်ပါတယ်။ အရောင်စုံ Sport Band အသစ်နဲ့ Nike Sport Band Series အသစ်တွေ ဖြစ်ပါတယ်။ Pride Edition Sport Band ရဲ့ ဒီဇိုင်းက အလန်းစား ဖြစ်ပြီး သက်တန့်ရောင်စုံကို လက်ပတ်ကြိုးမှာ ရေးခြယ်ထားပါတယ်။ Apple က ၄၄ မီလီမီတာနဲ့ ၄၂ မီလီမီတာ ၂ မျိုး ထုတ်လုပ်ထားပြီး Apple Watch အရွယ်အစားပေါ်မူတည် ရွေးချယ်နိုင်ပါတယ်။ ၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၇ သောင်းလောက် ရှိပါတယ်။

Pride Edition Nike Sport Band ရဲ့ ဒီဇိုင်းက ထူးခြားပြီး Niki Sport Band မော်ဒယ်တွေရဲ့ Theme ကို အသုံးပြုထားပါတယ်။ အဖြူရောင်  ၁ မျိုးထဲ အသုံးပြုထားပေမယ့်  အပေါက်တွေထဲမှာ ရောင်စုံ ရေးခြယ်ထားပါတယ်။ အရွယ်အစား ၂ မျိုး ထုတ်လုပ်ထားပြီး ၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သောင်းလောက်ရှိပါတယ်။

Apple က watchOS 6.2.5 Update မှာ Pride Edition Watch Faces အသစ်တွေ ထည့်သွင်းထားပြီး အခု လက်ပတ်ကြိုး အသစ်တွေနဲ့ လိုက်ဖက်ပါတယ်။ Apple Watch တွေဟာ ဒီဇိုင်း လှပသလို စွမ်းရည်မြင့်မားကြပါတယ်။ စမတ်နာရီ ဈေးကွက်မှာ Apple ဟာ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။

Ref : gsmarena