အိန္ဒိယနိုင်ငံတွင် အောင်မြင်မှု ရရှိလာပြီးသည့် Highway to a 100 Unicorns သည် မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိလာပြီး နိုင်ငံတွင်း ဈေးကွက် (၁၅) ခုတို့တွင် နည်းပညာ၊ လမ်းညွှန်မှုနှင့် စီးပွားရေး မိတ်ဖက်များ ရှာဖွေပေးခြင်းတို့ဖြင့် စွန့်ဦးတီထွင် လုပ်ငန်းသစ်များကို စွမ်းရည်မြှင့်တင်ပေးသွားမည်ဖြစ်သည်။

အာရှပစိဖိတ်ဒေသရှိ နိုင်ငံများ၏ စွန့်ဦးတီထွင် လုပ်ငန်းသစ်များကို ပိုမိုခိုင်မာလာစေရန် Microsoft for Startups မှ Highway to a 100 Unicorns စီမံကိန်းကို စတင်လိုက်ပြီ ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် အိန္ဒိယနိုင်ငံတွင် အောင်မြင်မှုရရှိလာခဲ့ပြီး Emerge X အစီအစဉ်အတွက် စီးပွားရေး စတင်လုပ်ကိုင်နေသည့်လုပ်ငန်း (၁၅၀၀၀) ကျော်ရှိသည့် ပြည်နယ် (၆) ခုမှ လုပ်ငန်း (၅၆) ခုသာရွေးချယ်ခံခဲ့ရသည်။ The Emerge X အစီအစဉ်မှ အနိုင်ရရှိသွားသူများသည် နိုင်ငံတကာ ဈေးကွက် ရှာဖွေရေး အခွင့်အလမ်း၊ ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းရှင်များ၊ နည်းပြများနှင့် (၃) ရက်တာ တွေ့ဆုံခွင့် founder bootcamp နှင့် ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ Azure တွင် လမ်းညွှန်ချက်တို့ အပါအဝင် ဆောင်ရွက်နေဆဲ Mentorship (လမ်းညွှန်မှုပေးခြင်း) တွင် ပါဝင်ခွင့်၊ လူလုပ်အသိဉာဏ် AI ၊ စက်မှအလိုအလျောက် သင်ယူသော ML တို့ အခြားသော အကြောင်းအရာများကို လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်သည်။

အာရှပိစိဖိတ် ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုသည် အဓိက သော့ချက်ပင် ဖြစ်သည်။ ဝင်ငွေများပြားသည့် ဒေသတွင်း စီးပွားရေး လုပ်ငန်းများသည် အဓိကအားဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးဆ ပိုမို ရင်းနှီးမြှုပ်နှံသင့်သည်။ ဆန်းသစ်သော စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းများကို ပိုမို ကူညီနိုင်ရန်အတွက် Microsoft သည် အစိုးရများ၊ လုပ်ငန်း မိတ်ဖက်များနှင့် ပူးပေါင်း၍ အနာဂတ်တွင် စစ်မှန်သော global enterprises (ကမ္ဘာ့ စီးပွားရေး လုပ်ငန်းစုကြီးများ) ဖြစ်လာနိုင်သည့် အလားအလာကောင်းသော နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းများကို ရှာဖွေ မြေတောင်မြှောက်ပေးသွားမည်ဖြစ်သည်။

Microsoft Myanmar ၏ ဒေသဆိုင်ရာတာဝန်ခံဖြစ်သူ ကိုစိုးသူအောင်က “မြန်မာနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေအတွက် ပိုအဆင်ပြေနိုင်မယ့် ဂေဟစနစ်တစ်ခုကို ဖော်ဆောင်ဖို့ ကျွန်တော်တို့ ကြိုးပမ်း နေပါတယ်။ မြန်မာနိုင်ငံလိုမျိုး Microsoft မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးစတင်လုပ်ကိုင်နေသူတွေအတွက် ပိုမိုအဆင်ပြေစေမယ့် လမ်းစဉ်တစ်ခုကို ကျွန်တော်တို့တည်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲ ဈေးကွက်သစ်တွေဟာ ကမ္ဘာမှာလည်း ဖွံ့ဖြိုးမှု အမြန်ဆုံး စီးပွားရေးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း စီးပွားရေး စလုပ်မယ့်သူတွေက ဆန်းသစ်တီထွင်နိုင်သူတွေ၊ အရှိန်အဟုန်နဲ့ လုပ်တတ်သူတွေ၊ စွန့်ဦးတီထွင်သူတွေအဖြစ် အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာပေါ့။ Highway to a 100 Unicorns ကနေတစ်ဆင့် မြန်မာနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းတွေအနေနဲ့ ဒေသတွင်းမှာ ဒစ်ဂျစ်တယ်လ် ဆန်းသစ် တီထွင်မှုတွေ ဆက်ပြီးလုပ်ကိုင်နိုင်ဖို့ ခေါ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

Emerge X ပြိုင်ပွဲ

Highway to a 100 Unicorns စီမံကိန်းတွင် ပါဝင်ရန် ဘင်္ဂလားဒေ့်ရှ်၊ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မောဒီ၊ မြန်မာ၊ နီပေါ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ သီရီလင်္ကာ၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် (၁၆) နိုင်ငံတို့မှ ဆန်းသစ်တီထွင်သူများနှင့် စွန့်ဦးတီထွင်သူများကို ဖိတ်ခေါ်မည်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ Emerge X ပြိုင်ပွဲများတွင် ပါဝင်ရန် စာရင်းပေးသွင်းရမည် ဖြစ်သည်။ Emerge X ကိုပါဝင်ရန် လိုအပ်သည့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ –

၁။ အနည်းဆုံး client ၃ – ၄ ဦးမှ ရရှိသော အမြတ်ငွေဖြင့် လည်ပတ်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာဈေးကွက်နှင့် ကိုက်ညီသည့် B2B ကုမ္ပဏီများ (Business-to-Business)

၂။ ပျမ်းမျှသုံးစွဲသူ ၁၀၀,၀၀၀ ကျော်အထက်ရှိသော B2C ကုမ္ပဏီများ (Business-to-Customer)

၃။ လက်ရှိ ရင်းနှီးမြှုပ်နှံမှုရရှိထားသူများကို အားသာချက်တစ်ချက်အနေဖြင့် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

Emerge X တွင် ပါဝင်ယှဉ်ပြိုင်ကြသူများအားလုံးသည် လုပ်ငန်းပိုင်းဆိုင်ရာ နှင့် နည်းပညာ အလုပ်ရုံဆွေးနွေးပွဲများ သာမက GitHub နှင့် Azure တို့အား အခမဲ့အသုံးပြုခွင့်တို့ကို ရရှိသွားမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံစီမှ ဆန်ကာတင် (၃) ဦးစီကို လာမည့် နိုဝင်ဘာလအတွင်း ကြေညာပေးသွားမည်ဖြစ်သည်။ ၎င်းဆန်ကာတင် (၃)ဦးသည် Founder Bootcamp (၃)ရက်ကျော် တက်ရောက်ခွင့်၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆွေးနွေးသင်ကြားပေးမည့် တစ်နှစ်တာ mentorship အစီအစဉ်၊ Microsoft ၏ တစ်မူထူးခြားသော co-sell program မှတစ်ဆင့် စီးပွားရေး မိတ်ဖက်များ ရှာဖွေနိုင်ခြင်းတို့အပြင် Microsoft ကျွမ်းကျင်သူများနှင့် နယ်ပယ် တစ်ခုတည်းတွင် အခိုင်အမာ အခြေကျပြီးသော ပညာရှင်များနှင့် တွေ့ဆုံနိုင်ခွင့် စသည့် အခွင့်အရေးများကိုပါ ထပ်ဆောင်းရရှိမည်ဖြစ်သည်။

Emerge X ပြိုင်ပွဲသို့ ဝင်ရောက်ရန် ။ ။

GrowthEnabler ဝက်ဘ်ဆိုက်တွင် စာရင်းပေးသွင်းရန်။ ။ https://aka.ms/highway

GrowthEnabler အတွက် လုပ်ငန်းအကျဉ်းကို ၈၀ % အထိဖော်ပြပေးရန်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရန်။

အသေးစိတ်စုံစမ်းရန် [email protected] သို့ဆက်သွယ်နိုင်ပါသည်။

Source – Microsoft