Apple က WWDC မှာ watchOS 9 ကို ကြေညာလိုက်ပါတယ်။ watchOS 9 မှာ Watch Faces , Workout App , Sleep Stages တို့အတွက် တိုးတက်မှုတွေ ပါလာပြီး ပထမဆုံး အနေနဲ့ AFib History ထည့်သွင်းထားကာ Medication Tracking ပါလာပါတယ်။

Apple announces watchOS 9 with new watch faces and health features

watchOS 9 မှာ Watch Faces အသစ် ၄ ခု ထည့်သွင်းထားပြီး Lunar, Playtime , Metropolitan နဲ့ Astronomy တို့ ဖြစ်ပါတယ်။ လက်ရှိ Watch Faces တွေကိုလည်း အဆင့်မြှင့်ပေးထားပြီး Portraits Face မှာ ကြောင်၊ ခွေးနဲ့ Landscape ဓါတ်ပုံတွေရဲ့ Depth Effect ကို ပြသပေးထားပါတယ်။ Modular, Modular Compact နဲ့ X-Large လို Classic Watch Faces တွေမှာ Background Color နဲ့ Gradient ကို ချိန်ညှိလို့ရလာပါတယ်။

Apple announces watchOS 9 with new watch faces and health features

Workout App မှာ သတင်းအချက်အလက်တွေနဲ့ စံချိန်တွေကို ပိုမို ပြသလာပြီး လေ့ကျင့်ခန်းလုပ်တဲ့အချိန်နဲ့ အနားယူတဲ့ အချိန်တွေကို သတ်မှတ်လို့ရလာပါတယ်။ နှလုံးခုန်နှုန်း၊ Pace Power အပါအဝင် Alert အသစ်တွေ ထည့်သွင်းထားပါတယ်။

Apple announces watchOS 9 with new watch faces and health features

Workout App မှာ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ ပြေးတာတွေကို အလိုအလျှောက် ပြောင်းလဲပေးနိုင်တဲ့ Multisport Workout Type ပါလာပါတယ်။ အပြေးသမားတွေအတွက် စံချိန်အသစ်တွေကို ပြသပေးထားပြီး လမ်းကြောင်း ၁ ခုကို ပုံမှန် ပြေးနေသူတွေအတွက် အရင်စံချိန်တွေကို နှိုင်းယှဉ်လို့ရလာပါတယ်။

Apple announces watchOS 9 with new watch faces and health features

Apple က  Sleep Stages ကို မိတ်ဆက်လိုက်ခြင်းဖြင့် အိပ်စက်မှုကို တိုင်းတာတဲ့ လုပ်ဆောင်ချက်ကို ပိုကောင်းအောင် ပြုလုပ်ပေးထားပြီး App မှာ REM , Core, Deep Sleep ကို ခွဲခြားပေးထားပါတယ်။

AFib အတွက် နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်လာပြီး Health App မှာ အပတ်စဉ် Notification နဲ့ အသေးစိတ် History တွေကို မြင်ရမှာပါ။ ဆရာဝန်တွေကို ပေးနိုင်ဖို့အတွက် PDF ဖိုင်ကို Download လုပ်နိုင်ပါတယ်။

watchOS 9 မှာ ဆေးမှတ်တမ်းတွေကို စီမံခန့်ခွဲနိုင်တဲ့ Medications ပါလာပြီး Schedule နဲ့ Reminder တွေ ထည့်သွင်းထားပါတယ်။ watchOS 9 ကို Compatible Apple Watch တွေအတွက် ဒီနှစ် နှောင်းပိုင်း ဖြန့်ချိမှာပါ။

ref : gsmarena