Elon Musk နဲ့ Mark Zuckerberg တို့ရဲ့ ကိုယ်ပိုင်လေယာဉ်လမ်းကြောင်းတွေကို ခြေရာခံတဲ့ Facebook အသုံးပြုသူတစ်ဦးဟာ အဆိုပါ ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။ Jack Sweeney ဆိုသူဟာ သူ့ရဲ့ Page ပိတ်ပင်ခံရကြောင်း Facebook ရဲ့ သတိပေးစာကို Screen Shot ရိုက်ပြီး Twitter မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။

Facebook ကတော့ Sweeney ရဲ့ လုပ်ရပ်ဟာ ပလက်ဖောင်းရဲ့ မူဝါဒတွေကို ချိုးဖောက်တာဖြစ်ကြောင်း၊ Musk ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ Public မဟုတ်ကြောင်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်အထိ တုံ့ပြန်ခြင်းတော့ မရှိသေးတာပဲ ဖြစ်ပါတယ်။

Facebook ရဲ့ Email ဟာ အသေးစိတ်အချက်အလက်တွေကိုဖော်ပြထားခြင်းမရှိဘူးလို့ Sweeney က အခိုင်အမာပြောဆိုထားပါတယ်။ Ban ရတဲ့အကြောင်းရင်းကို  ပြောဆိုခြင်းမဟုတ်ဘဲ Musk ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို ခြေရာခံဖို့ သူအသုံးပြုလေ့ရှိတဲ့ Bot ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ Facebook ဟာ သူ့ရဲ့ အယူခံကိုလည်း ပြန်ဖြေခြင်းမရှိဘူးလို့ Sweeney က ဆိုပါတယ်။

ဆန်ထရယ် ဖလော်ရီဒါ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ Sweeney ရဲ့ Musk နဲ့ Zuckerberg တို့လို ထင်ရှားကျော်ကြားသူတွေရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေကို ခြေရာခံတဲ့ စာမျက်နှာတွေကိုလည်း အရင်ကတည်းက ဖျက်ခံရဖူးတာ ဖြစ်ပါတယ်။ Facebook Page တွေကို ဖယ်ရှားခံရစေတဲ့အကြောင်းအရာတွေထဲမှာ “တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုံခြုံစိတ်ချရမှုကို ထိခိုက်စေတဲ့အကြောင်းအရာ” လည်း ပါဝင်ပါတယ်။

Sweeny ကတော့ သူ့ရဲ့ လုပ်ရပ်ဟာ သိသာတဲ့ လုံခြုံရေးခြိမ်းခြောက်မှုဖြစ်စေတယ်ဆိုတာကို မယုံကြည်ကြောင်း၊ ADS-B Exchange တို့လိုမျိုး Public air traffic tracking sites တွေမှာ အချက်အလက်တွေကို အလွယ်တကူ ရရှိနိုင်ကြောင်း ထောက်ပြပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Ref: Gizchina