Samsung ဟာ စမတ်ဖုန်း Stylus မှာ ဘုရင် ဖြစ်ပြီး မော်ဒယ်များစွာမှာ ထည့်သွင်းပေးထားပါတယ်။ S Pen ကို Galaxy ဖုန်းတွေမှာ အဓိက ထည့်ပေးထားပါတယ်။ Galaxy S Ultra စွမ်းရည်မြင့် ဖုန်းတွေမှာ ပါပါတယ်။ Galaxy Note ကို ဆက်ခံတဲ့ Galaxy S22 Ultra မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။

Zašto je S Pen za Galaxy S25 Ultra izgubio Bluetooth? - SmartphoneHrvatska

ဒါပေမယ့် Samsung ဟာ Galaxy S25 Ultra ရဲ့ S Pen မှာ Bluetooth နဲ့ Gyroscope ကို ဖယ်ရှားခဲ့ပြီး S Pen ကို အနာဂတ်မှာ ဖယ်ရှားနိုင်တဲ့ အရိပ်အယောင် ဖြစ်ပါတယ်။

Samsung က စစ်တမ်းမှာ S Pen ရဲ့ အဲဒီ Feature တွေကို အသုံးပြုသူဟာ ၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြောပါတယ်။ အဲဒီအတွက် Samsung က အနာဂတ် Galaxy S Ultra ဖုန်းတွေမှာ  S Pen ကို ဖယ်ရှားထားနိုင်ပါတယ်။

A key Samsung Galaxy S24 Ultra feature may not work properly with certain  cases | Tom's Guide

Bluetooth မပါပေမယ့် S Pen ဟာ စွမ်းရည်မြင့်တဲ့ Stylus ဖြစ်ပါတယ်။ 4096 Levels of Pressure Sensitivity ရှိပြီး ဖုန်းမှာ အလုပ်ကိစ္စအတွက် သုံးဖို့ အလွန်ကောင်းပါတယ်။

ဘာပဲ ပြောပြော အနာဂတ် Galaxy ဖုန်းတွေမှာ S Pen မပါလာနိုင်တော့ အကြောင်း သတင်း တင်ဆက်လိုက်ရပါတယ်။

Ref : gsmarena