Google ရဲ့ AI Assistant ဖြစ်တဲ့ Gemini ဟာ User အားလုံးအတွက် 2.0 Flash Model ကို အသုံးပြုလာပါတယ်။ အရင်ကတော့ စမ်းသပ်တဲ့ Mode နဲ့ ထည့်သွင်းပေးထားတာ ဖြစ်ပြီး အဲဒီ LLM ဟာ ပိုမို တည်ငြိမ်လာကာ Web App နဲ့ Android App မှာ အသုံးပြုနိုင်ပါတယ်။
2.0 Flash Model ဟာ Flash 1.5 နဲ့ Pro 1.5 ကို အဆင့်မြှင့်ထားတာ ဖြစ်ပြီး ပိုမြန်တဲ့ စွမ်းဆောင်ရည် ပါလာပါတယ်။ Benchmark အရ ၂ ဆ ပိုမြန်လာပါတယ်။
Gemini က Flash 2.0 ဟာ နေ့စဉ် အလုပ်တွေအတွက် အသုံးဝင်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေအကြောင်း မေးကြည့်တဲ့အခါ စွမ်းဆောင်ရည် ပိုကောင်းလာပြီး First Token (TTFT) ပိုမြန်လာတယ်လို့ ပြောပါတယ်။ Coding စွမ်းရည် ပိုကောင်းလာပြီး ရှုပ်ထွေးတဲ့ ညွှန်ကြားချက်တွေကို ဖြေရှင်းနိုင်ပါတယ်။
Gemini 2.0 Flash ကို Default Model အနေနဲ့ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် Google က လာမယ့် ရက်သတ္တတ်အနည်းငယ်အထိ 1.5 Flash နဲ့ 1.5 Pro ကို ဆက်ထားထားဦးမယ်လို့ ပြောပါတယ်။
Ref : gsmarena