DeepSeek ကို အမေရိကန်က အပြင်းအထန် ပိတ်ဆို့ အရေးယူဖို့ ကြိုးစားနေကြပါပြီ။ နိုင်ငံလုံခြုံရေး အကြောင်းပြချက်နဲ့ အမေရိကန် လွှတ်တော် အမတ် Josh Hawley က တရုတ် AI တွေ၊ အထူးသဖြင့် DeepSeek ကို ကန့်သတ်မယ့် ဥပဒေ တစ်ခုကို အဆိုပြုတင်သွင်းလိုက်ပါတယ်။

DeepSeek fallout: GOP Sen Josh Hawley seeks to cut off all US-China  collaboration on AI development | Fox News

အဲဒီ ဥပဒေ အရ အမေရိကန် နိုင်ငံသားတွေနဲ့ကုမ္ပဏီတွေကို တရုတ် AI အသုံးပြုခွင့် ပိတ်ပင်မှာ ဖြစ်ပါတယ်။ ဥပဒေ ချိုးဖောက်ရင် ထောင်ဒဏ် ၂၀ နှစ်နဲ့ လူတစ်ယောက်အတွက် ဒဏ်ငွေ  ဒေါ်လာ ၁ သန်း၊ ကုမ္ပဏီအတွက် ဒဏ်ငွေ ဒေါ်လာ သန်း ၁၀၀ ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ AI  ဥပဒေတွေထဲမှာ အကြမ်းဆုံး ဖြစ်လာမှာပါ။

DeepSeek download to be criminalized in US, could mean 20 years in prison,  $100M fine

အဲဒီ ဥပဒေဟာ မကြာခင်က အလွန်လျှင်မြန်စွာ ရေပန်းစားလာတဲ့ DeepSeek ကို အမေရိကန် အစိုးရက အလွန် စိတ်ပူနေတာကို ပြသနေပါတယ်။ DeepSeek ကြောင့် အမေရိကန် စတော့ ဈေးကွက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ ဒေါ်လာ ၁ ထရီလီယမ် ဆုံးရှုံးသွားပါတယ်။ လေ့လာသူတွေက ဒီဥပဒေဟာ နိုင်ငံလုံခြုံရေးထက် အမေရိကန်ရဲ့ AI ဈေးကွက်ကို ကာကွယ်ဖို့ ရည်ရွယ်တာလို့ သုံးသပ်ပါတယ်။

Ref : Tech Explorers