တရုတ်ရဲ့ ဈေးကွက် ကြီးကြပ်ရေး ဌာန (SAMR) က Apple App Store ကို ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ စစ်ဆေးတော့မယ်လို့ ထင်ပါတယ်။ အမေရိကန်က တရုတ် ကုန်ပစ္စည်းတွေ အပေါ် အခွန်တိုးမြှင့်လိုက်တာကိုလက်တုန့်ပြန်တာလို့ ထင်ပါတယ်။
Apple Store ရဲ့ In-app Purchase အပေါ် ကော်မရှင် ၃၀ ရာခိုင်နှုန်းကောက်ယူတာကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် SAMR ဟာ Third-party Payment System တွေနဲ့ Alternative App Store တွေကို ကန့်သတ်ထားတဲ့ Apple ရဲ့ မူဝါဒကို လေ့လာစစ်ဆေးမှာ ဖြစ်ပါတယ်။
တရုတ် ကုမ္ပဏီတွေ ဖြစ်တဲ့ Tencent နဲ့ ByteDance တို့ဟာ Apple ရဲ့ App Store မူဝါဒကို ကန့်ကွက်နေတာ နှစ်များစွာ ကြာပြီ ဖြစ်ပြီး ဒေသတွင်း ပြိုင်ဆိုင်မှုအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ပြောထားပါတယ်။
SAMR ကတော့ Apple ကို စစ်ဆေးမယ့်အကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မကြာခင်က Google ကို ဈေးကွက် လက်ဝါးကြီး အုပ်မှုနဲ့ စစ်ဆေးခဲ့ပါတယ်။ Nvidia အတွက် အလားတူ စစ်ဆေးမှုမျိုးကို ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့ပါတယ်။
Ref: Gsmarena