တရုတ်ထုတ် DeepSeek AI ကို တရုတ် အစိုးရနဲ့ ဆက်သွယ်နေမှု၊ ဒေတာ နဲ့ နိုင်ငံလုံခြုံရေးကြောင့် နိုင်ငံတော်တော်များများမှာ ဘန်းနေကြပါတယ်။ နိုင်ငံ အစိုးရတွေက တရုတ် အစိုးရဟာ DeepSeek ရဲ့ ဒေတာတွေကို ရယူမှာကို စိုးရိမ်နေကြပါတယ်။

DeepSeek ကို ဘန်းတဲ့ နိုင်ငံများ

ဩစတြေးလျ

ဩစတြေးလျက နိုင်ငံလုံခြုံရေးကြောင့် အစိုးရ Device အားလုံးမှာ DeepSeek ကို ဘန်းထားပါတယ်။ နိုင်ငံသားအားလုံးရဲ့ လုံခြုံရေးအတွက် အစိုးရဌာနအားလုံးမှာ DeepSeek ကို ဖယ်ရှားဖို့ ညွှန်ကြားထားပါတယ်။

Chinese AI DeepSeek is banned globally by different countries

တောင်ကိုရီးယား

တောင်ကိုရီးယားက အစိုးရ Device အားလုံးမှာ DeepSeek ကို ဘန်းထားပါတယ်။ နိုင်ငံလုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ ဒေတာ လုံခြုံရေးအတွက် အခုလို ပိတ်ပင်တာ ဖြစ်ပါတယ်။

အီတလီ

အီတလီဟာ သုံးစွဲသူ ဒေတာ ကာကွယ်ဖို့အတွက် DeepSeek ကို ပိတ်ပင်ထားပါတယ်။ အီတလီ ဒေတာ ကာကွယ်ရေး အာဏာပိုင်က DeepSeek ဟာ ဒေတာ စီမံခန့်ခွဲမှုမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြောပါတယ်။

ထိုင်ဝမ်

ထိုင်ဝမ်ဟာ အစိုးရဌာန အားလုံးမှာ DeepSeek ကို ဘန်းထားပြီး နိုင်ငံလုံခြုံရေးအတွက်လို့ အကြောင်းပြထားပါတယ်။

အမေရိကန်

အမေရိကန်မှာ တက္ကဆပ်ဟာ DeepSeek ကို ဘန်းတဲ့ ပထမဆုံး ပြည်နယ် ဖြစ်လာပါတယ်။ အမေရိကန် စစ်တပ်နဲ့ နာဆာကလည်း ဘန်းထားပါတယ်။

Ref : Gizmochina