Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ်ရဲ့ ဖောက်စ်သတင်းဌာန  နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကနေတဆင့် ဉာဏ်ရည်တု (AI) နည်းပညာကြောင့် လူ့ဘောင်အသိုင်းအဝိုင်းမှာ ဖြစ်လာမယ့် ထူးခြားတဲ့ အပြောင်းအလဲတွေကို ဖော်ပြလာပါတယ်။

Amazon founder Jeff Bezos says AI could let people work just 3 days a week

AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ လုပ်ငန်းခွင်တွေရဲ့ ထုတ်လုပ်မှုစွမ်းအားတွေ အဆမတန် မြင့်တက်လာမှာ ဖြစ်ပြီး လူတွေအနေနဲ့ မိသားစုကို ထောက်ပံ့ဖို့အတွက် အချိန်ပြည့် အလုပ်လုပ်ကိုင်စရာ မလိုတော့ဘဲ တစ်ပတ်ကို ၃ ရက်လောက်သာ အလုပ်လုပ်ကိုင်လာကြလိမ့်မယ်လို့ သူက ယုံကြည်နေပါတယ်။

AI may let people work just 3 days a week, says Amazon founder Jeff Bezos

ဒါ့အပြင် အဲဒီလို ခေတ်စားလာတဲ့အခါ မိသားစုတွေအတွက် ဝင်ငွေနှစ်လမ်း ရှာစရာမလိုတော့ဘဲ တစ်ဦးတည်းရဲ့ ဝင်ငွေနဲ့တင် တစ်မိသားစုလုံး လုံလောက်စွာ ရပ်တည်နိုင်မယ့် အခွင့်အလမ်းတွေလည်း ရှိလာနိုင်တယ်လို့ ဘီဇို့စ်က သုံးသပ်ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း အဲဒီလို ပြောင်းလဲမှုတွေကြောင့် လူအများစုက အချိန်ပြည့် အလုပ်မလုပ်တော့ဘဲ အချိန်ပိုင်းကိုသာ ရွေးချယ်လာကြမယ်ဆိုရင် ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ အလုပ်သမား ရှာဖွေရတာတွေ ပိုမိုခက်ခဲလာနိုင်တဲ့ စိန်ခေါ်မှုအသစ်တွေနဲ့လည်း ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Ref : Technology Innovation