စန်ဖရန်စစ္စကိုမြို့မှာ ဆိုရှယ်မီဒီယာ အင်ဖလူဝမ်ဆာ ဖရန်ကီ လာပီနာနဲ့ တာမီနေးတာပုံစံ လူတူစက်ရုပ်တွေ ထိုးသတ်ခဲ့ကြတဲ့ ကမ္ဘာ့ပထမဆုံးလူနဲ့ စက်ရုပ် တိုက်ခိုက်ယှဉ်ပြိုင်တဲ့ပွဲ တစ်ခုက လူအများရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို Robot Entertainment Kombat (REK) လို့ခေါ်တဲ့ ကုမ္ပဏီက ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပြီး လာပီနာဟာ ခြောက်ပေခန့်အမြင့်ရှိ စက်ရုပ်အပါအဝင် လူတူစက်ရုပ် သုံးခုနဲ့ ရင်ဆိုင်ထိုးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
https://x.com/REK/status/2101771246962938155?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E2101771246962938155%7Ctwgr%5E49129e39cb958c5dd4a9524bed859f9050cf8452%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Fwww.ndtv.com%2Foffbeat%2Fus-influencer-fights-6-foot-robot-in-worlds-first-human-vs-terminator-match-12075699
ပြိုင်ပွဲအတွင်းမှာ စက်ရုပ်တစ်ရုပ်ရဲ့ အပြင်းအထန် ကန်ထုတ်မှုကြောင့် လာပီနာတစ်ယောက် လှောင်အိမ်ဘက်ဆီကို အရှိန်နဲ့ လွင့်စင်သွားခဲ့ရပါတယ်။ တကယ်တော့ အဲဒီစက်ရုပ်တွေဟာ သူ့အလိုလို အလုပ်လုပ်နေတာ မဟုတ်ဘဲ လူတွေက VR ပစ္စည်းကိရိယာတွေကို အသုံးပြုပြီး အဝေးကနေ တိုက်ရိုက် ထိန်းချုပ်မောင်းနှင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ထူးဆန်းပြီး စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် ကယ်လီဖိုးနီးယား ပြည်နယ် အားကစားကော်မရှင်ဘက်ကတော့ REK နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို သတိပေးစာ ပေးပို့ခဲ့ပါတယ်။ လိုအပ်တဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုင်စင်မရှိဘဲ လူပါဝင်တဲ့ လက်ဝှေ့ပွဲတွေ ဒါမှမဟုတ် Mixed Martial Art ပြိုင်ပွဲတွေကို ပြည်နယ်တွင်းမှာ ကျင်းပတာ၊ ကြော်ငြာတာတွေ မလုပ်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ညွှန်ကြားခဲ့ပါတယ်။
Ref : Technology Innovation