OPPO က ဥရောပမှာ Reno13 FS လို့ခေါ်တဲ့ ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Snapdragon 6 Gen 1 Chipset နဲ့ 5,800mAh Battery ပါလာပြီး Reno13 F Version ကို RAM နဲ့ Storage ပိုထည့်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။
Reno13 FS မှာ 6.67” AMOLED 1080p Display တပ်ထားပြီး 120Hz Refresh Rate ပါပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး 50MP Main , 8MP Ultrawide နဲ့ 2MP Macro ဖြစ်ပါတယ်။
Qualcomm Snapdragon 6 Gen 1 Chipset ကို 12GB RAM, 512GB Storage နဲ့ တွဲဖက်ထားပြီး ဥရောပမှာ ရောင်းချထားတဲ့ Reno13 F မှာ 8/256GB Memory ပဲ ပါပါတယ်။
Reno13 FS မှာ NFC နဲ့ Android 15 အခြေပြု ColorOS 15 ထည့်သွင်းထားပါတယ်။ Graphite Gray, Luminous Blue နဲ့ Plume Purple အရောင်တွေထုတ်လုပ်ထားပြီး ၄၅၀ ယူရို သတ်မှတ်ထားပါတယ်။ ဥရောပမှာ စတင် ရောင်းချပေးနေပါပြီ။
Ref: gsmarena