Samsung က ဈေးနှုန်းချိုသာတဲ့ စွမ်းရည်သင့် Galaxy A36 ကို ကြေညာလိုက်ပါတယ်။ OS Update ၆ နှစ်တောင်ရမှာ ဆိုတော့ တော်တော် မိုက်ပါတယ်။

The Galaxy A36 brings a Snapdragon chip, IP67 rating, the Galaxy A26 sticks with Exynos

အဲဒီဖုန်းမှာ Snapdragon 6 Gen 3 Chip ကို သုံးထားပြီး 6/128GB နဲ 8/256GB Version တွေ ထုတ်လုပ်ထားပါတယ်။ 6.7’ Super AMOLED 1080p+ Display သုံးထားပြီး 1,900 Nits Peak Brightness ပါပါတယ်။ အရှေ့နဲ့ အနောက်ကို Gorilla Glass Victus+ နဲ့ ကာကွယ်ထားပါတယ်။

Samsung Galaxy A36 launched with faster chip, 12MP selfie camera - SamMobile

အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ 5MP ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 12MP ဖြစ်ပါတယ်။ 5,000mAh Battery ကို သုံးထားပြီး ၃၀ မိနစ် အားသွင်းရင် ၆၆ ရာခိုင်နှုန်း ပြည့်ပါတယ်။ Android 15 အခြေပြု One UI 7 ပါလာပြီး OS Update ၆ နှစ်ရမှာပါ။ Circle to Search နဲ့ Object Eraser လို AI Feature တွေ ထည့်သွင်းထားပါတယ်။

Base Model မှာ 128GB Storage ပါလာပြီး ၄၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena