vivo က ပြီးခဲ့တဲ့ ရက်ပိုင်းက V50 Lite 4G ကို ကြေညာခဲ့ပြီး အခုတော့ 5G Version ကို မိတ်ဆက်လိုက်ပါတယ်။ ကြီးမားတဲ့ 6,500mAh Battery နဲ့ 90W Charging အပါအဝင် အများစုက တူညီကြပါတယ်။ ဒါပေမယ့် 5G ရတဲ့ Chipset အသစ်ကို သုံးထားပါတယ်။

vivo V50 Lite 5G unveiled with Dimensity 6300 chip and 6,500mAh battery with 90W charging - GSMArena.com news

4G Version ရဲ့ Snapdragon 685 အစား Dimensity 6300 ကို သုံးထားပါတယ်။ 8/12GB LPDDR4X RAM နဲ့ 256/512GB UFS 2.2 Storage ပါလာပါတယ်။ microSD Slot တော့ မပါပါဘူး။

Dimensity 6300 and up to 12GB LPDDR4X RAM

V50 Lite 5G မှာ 6.77” OLED Display , 120Hz Refresh Rate , 1080p+ Resolution နဲ့ 1,800 Nits Peak Brightness ပါပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

အနောက်ဘက်မှာ 50MP Main နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး တပ်ထားပါတယ်။ ကင်မရာ ၂ လုံးအောက်မှာ Aura Light  (Ring Flash) ထည့်ထားပါတယ်။

50+8MP rear and 32MP selfie cameras

ကြီးမားတဲ့ 6,500mAh Battery ပါလာပြီး vivo က ၅ နှစ်သုံးပြီးရင်တောင် အနည်းဆုံး ၈၀ ရာခိုင်နှုန်း ကျန်သေးတယ်လို့ ပြောပါတယ်။ အားအပြည့်သွင်းထားရင် ဂိမ်း ၁၀ နာရီခွဲ ကစားနိုင်ပါတယ်။ IP65 စံနှုန်း ပါလာပြီး ဖုန်မဝင်အောင်ကာကွယ်နိုင်သလို အားပျော့တဲ့ ရေပန်းဒဏ်ကို ခံနိုင်ပါတယ်။

V50 Lite 5G အတွက် Titanium Gold နဲ့ Phantom Black ၂ ရောင်ကို စပိန်မှာ စာရင်းတင်ထားပြီး Fantasy Purple နဲ့ Silk Green အရောင်လည်း ရောင်းချနိုင်ပါတယ်။ စပိန်မှာ 12/512GB ကို ၄၀၀ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena