Kafaak အမည်ရ Facebook Page တစ်ခုက ChatGPT ဟာ ဖုန်းကနေ ဘဏ်ငွေလွှဲတဲ့ ပြေစာ အတုတွေကို ဖန်တီးပေးနိုင်တဲ့အတွက် အကောင့်ထဲ ငွေ ဝင်၊ မဝင်ကို သေသေချာချာ စစ်ဆေးဖို့ သတိပေးလိုက်ပါတယ်။ Kafaak က ChatGPT ကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဘန်ကောက် ဘဏ်ရဲ့ ငွေလွှဲပြေစာ အတုကို ပြသထားပါတယ်။ အဲဒီ ပြေစာဟာ အစစ်နဲ့ တော်တော်တူတဲ့အတွက် ငွေလွှဲပြေစာတွေကို မယုံကြည်ကြဖို့ Kafaak က သတိပေးထားပါတယ်။
Kafaak က ဝါရင်းဘတ်ဖတ် က သူ့ထံ ဘတ် ၄၀၀,၀၀၀ လွှဲတဲ့ ငွေလွှဲပြေစာ အတု တစ်ခုကို ChatGPT ကို အသုံးပြုပြီး ဖန်တီးပြထားပါတယ်။ သူက ChatGPT ဟာ Transaction IDs တွေကိုပါ အတု ပြုလုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ Kafaak ရဲ့ ပို့စ်ဟာ နာမည်ကြီးသွားခဲ့ပြီး Reaction ၁၀,၀၀၀ ၊ Comment ၂,၀၀၀ နဲ့ Share ၂၃,၀၀၀ ရခဲ့ပါတယ်။
တချို့က ငွေလိမ်လည် မခံရအောင် သတိပေးတဲ့ Kafaak ကို ကျေးဇူးတင်တယ်လို့ ပြောကြပြီး တချို့ကတော့ လူလိမ်တွေကို နည်းပေးလမ်းပြလုပ်တဲ့အတွက် ဝေဖန်ထားပါတယ်။
Ref : Nation Thailand