Apple ရဲ့ iPhone တွေကို ထုတ်လုပ်ပေးနေတဲ့ Foxconn ဟာ တရုတ် ပြင်ပမှာ iPhone တွေ ထုတ်လုပ်နေတာနှစ်တော်တော်ကြာပြီ ဖြစ်ပြီး အခုဆိုရင် အိန္ဒိယ၊ ဗီယက်နမ်နဲ့ ဘရာဇီးမှာ စက်ရုံတွေ တည်ဆောက်ထားပါတယ်။
မကြာခင်က သတင်းအရ Apple ဟာ ဘရာဇီးမှာ iPhone တိုးချဲ့ထုတ်လုပ်ဖို့ စီစဉ်နေပြီး အခုတော့ ဘရာဇီးမှာ ရောင်းချတဲ့ iPhone 16e ဟာ ဆာအိုပေါ်လို မှ Jundiai က Foxconn စက်ရုံကနေ ထုတ်လုပ်ထားတာလို့ အတည်ပြုထားပါတယ်။
MacMagazine ရဲ့ သတင်းအရ ဘရာဇီးမှာ ရောင်းချတဲ့ iPhone 16e ဘူးခွံမှာ “Assembled in Brazil-Brazilian Industry “ Tag ပါလာပါတယ်။ အဲဒီ ဖုန်းရဲ့ မော်ဒယ်နံပါတ်က A3409 ဖြစ်ပြီး MD1R4BR/A Identifier ပါပါတယ်။
Foxconn ဟာ ဘရာဇီးမှာ iPhone ထုတ်လုပ်တာ ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး။ Foxconn ဟာ iPhone SE 2020 , iPhone 13, 14,15 နဲ့ 16 တို့ကို အဲဒီမှာ ထုတ်လုပ်ခဲ့ပါတယ်။
မကြာခင်က အမေရိကန်က တရုတ်ကို အခွန်တိုးမြှင့်လိုက်တဲ့အတွက် Apple ဟာ အခွန်နည်းပါးတဲ့ နိုင်ငံတွေမှာ ဖုန်း ထုတ်လုပ်လာပြီး ဘရာဇီးရဲ့ ၁၀ ရာခိုင်နှုန်း အခွန်ဟာ အနည်းဆုံးထဲမှာ ပါဝင်ပါတယ်။
Ref: gsmarena