The Telegraph  ရဲ့ ဖော်ထုတ်ချက်တစ်ခုအရ YouTubers  နဲ့ ဆိုရှယ်မီဒီယာ Content Creator တွေဟာ AI နည်းပညာရဲ့ အန္တရာယ်တွေကို ပြည်သူတွေ ကြောက်ရွံ့သွားအောင် ပုံဖော်ပေးဖို့အတွက် ControlAI အဖွဲ့အစည်းထံမှ လျှို့ဝှက်ငွေကြေး ထောက်ပံ့မှုတွေ ရရှိနေကြပါတယ်။ Skype ပူးတွဲတည်ထောင်သူ Jaan Tallinn ဘဏ္ဍာငွေထောက်ပံ့ထားတဲ့ ဒီအဖွဲ့ဟာ AI ရဲ့ လူသားတွေအပေါ် ခြိမ်းခြောက်နိုင်ခြေဆိုင်ရာ ဗီဒီယိုတွေကနေ ကြည့်ရှုသူ ၆.၃ သန်းကျော်အထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဂျာမန် သိပ္ပံပညာရှင်နဲ့ YouTuber Sabine Hossenfelder ကလည်း AI နဲ့ ပတ်သက်ပြီး ကြောက်ရွံ့မှုတွေ ဖြန့်ဝေပေးဖို့ ငွေကြေးကမ်းလှမ်းမှုတွေ ကြုံတွေ့ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

YouTubers are secretly being paid thousands to make you afraid of AI, report  reveals

ဒီလို AI ဘေးအန္တရာယ်ဆိုင်ရာ သတိပေးမှုတွေ လူမှုကွန်ရက်ပေါ်မှာ ပိုမိုကျယ်ပြန့်လာစေဖို့ San Francisco အနီးမှာရှိတဲ့ Plzdontkillus အမည်ရှိ anti-AI စခန်းကနေ Content Creator တွေကို စည်းရုံးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဆိုပါစခန်းမှာ တက်ရောက်သူတွေကို အခမဲ့ တည်းခိုခွင့်နဲ့ စားသောက်စရိတ်များအပြင် အမေရိကန်ဒေါ်လာ ၂,၀၀၀ နဲ့ ဒေါ်လာ ၂၀,၀၀၀ အထိ တန်ဖိုးရှိတဲ့ ဆုကြေးများ ပေးအပ်ထားပါတယ်။ ပါဝင်သူတွေအနေနဲ့ AI ရဲ့ စိန်ခေါ်မှုနဲ့ အန္တရာယ်တွေကို မီးမောင်းထိုးပြထားတဲ့ ၁၅ စက္ကန့်စာ ဗီဒီယိုတိုတွေကို နေ့စဉ်မပျက် တင်ဆက်ပေးကြရပါတယ်။

YouTubers are secretly being paid thousands to make you afraid of AI, report  reveals

ဒီစခန်းရဲ့ လှုပ်ရှားမှုတွေမှာ Tech ဘီလျံနာ Elon Musk ရဲ့ ရည်းစားဟောင်းနဲ့ ကလေးသုံးဦး ရရှိထားသူ ဂီတပညာရှင် Grimes အပါအဝင် ထင်ရှားသူအချို့က ပါဝင်ကူညီပေးနေကြပါတယ်။ အဖွဲ့အစည်းအနေနဲ့ ပရိသတ်စိတ်ဝင်စားမှု ရရှိနိုင်မယ့် Creator အသစ်တွေကို ရှာဖွေပြီး AI အသိပညာပေး ဗီဒီယိုများမှတစ်ဆင့် လူထုကြား ရိုက်ခတ်မှုအကြီးအကျယ် ဖြစ်စေဖို့ ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Ref : uniladtech