လက်ရှိမှာ အာကာသမှာ လူ့ မစင်နဲ့ ဆီးတွေ ထည့်ထားတဲ့ အိတ် ၁၀၀ နီးပါး ရှိပြီး နာဆာ က အဲဒီ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် အသုံးပြုနိုင်တဲ့ နည်းလမ်းကို ရှာဖွေနေပါတယ်။ နာဆာ က အဲဒီ စွန့်ပစ် ပစ္စည်းတွေကို ပြန်လည် အသုံးပြုနိုင်တဲ့ နည်းလမ်း တီထွင်နိုင်သူကို ဒေါ်လာ ၃ သန်းပေးအပ်သွားမှာ ဖြစ်ပါတယ်။

NASA (3)

နာဆာ က LunaRecycle Challenge ပြိုင်ပွဲကို ပြုလုပ်ပေးလိုက်ပြီး လပေါ်မှ အာကာသယာဉ်မှူးတွေရဲ့ မစင်၊ ဆီးနဲ့ အန်ထားတဲ့ အရာတွေကို ပြန်လည် အသုံးပြုနိုင်တဲ့ နည်းလမ်းကို တီထွင်ဖို့ လူတွေကို ဖိတ်ခေါ်လိုက်ပါတယ်။ နာဆာ က အနာဂတ်မှာ အချိန်ကာလ ကြာမြင့်စွာ အာကာသ စူးစမ်းလေ့လာရေးတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

Space junk: Why Nasa is offering $3 million to recycle astronaut waste in space – Firstpost

လက်ရှိမှာ အာကာသမှာ လူသားတွေရဲ့ မစင်၊ ဆီးတွေ ထည့်ထားတဲ့ အိတ် ၉၆ လုံး ရှိနေတယ်လို့ သိရပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ LunaRecycle Challenge ကို ပြုလုပ်တာ ဖြစ်ပါတယ်။ အဲဒီနည်းပညာကို တီထွင်နိုင်သူကို ဒေါ်လာ ၃ သန်း ချီးမြှင့်မှာ ဖြစ်ပြီး အဲဒီ နည်းပညာကို အနာဂတ် အာကာသစူးစမ်းလေ့လာရေးမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

ဒီနည်းပညာ အောင်မြင်သွားရင် အာကာသမှ လူ့မစင်တွေကို ကမ္ဘာကို ပြန်လည် ပို့ဆောင်စရာ မလိုတော့ပါဘူး။ လက်ရှိမှာ နာဆာ က ပြိုင်ပွဲဝင်တွေရဲ့ နည်းလမ်းတွေကို လေ့လာနေပြီး နောက်တစ်ဆင့် ပြိုင်ပွဲကို တက်ရောက်နိုင်သူတွေကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။

Ref: Times of India