OpenAI CEO Sam Altman က မကြာခင်ကပဲ လူတွေ မျက်လုံးပြူးသွားစေမယ့် စကားတစ်ခွန်းကို ပြောကြားခဲ့ပါတယ်။ သူက ChatGPT ကို လူတွေက “Please” နဲ့ “Thank You” လို့ ပြောရင် သူ့အတွက် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျတယ်လို့ ပြောပါတယ်။

ဇာတ်လမ်းက ဒီလိုပါ။ လူတစ်ယောက်က X မှာ “ ChatGPT မော်ဒယ်တွေကို လူတွေက “Please”, “Thank You” လို့ပြောရင် OpenAI ဟာ လျှပ်စစ်ဓါတ်အား ကုန်ကျစားရိတ် ဘယ်လောက်ရှိမလဲ ဆိုတာ သိချင်မိတယ်။ “ လို့ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီပို့စ်ကို Altman က “ ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျပါတယ်။ “ လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Sam Altman Admits That Saying "Please" and "Thank You" to ChatGPT Is  Wasting Millions of Dollars in Computing Power : r/Futurology

Altman က ChatGPT ကို အဲဒီလို ယဉ်ကျေးတဲ့ စကားတွေ ပြောစရာမလိုဘူးလို့ ထင်ကောင်းထင်မှာပါ။ ဒါပေမယ့် ကျွမ်းကျင်သူ တချို့က ယဉ်ကျေးစွာ ပြောတာကို AI တုန့်ပြန်မှုကို တိုးတက်စေတယ်လို့ ဝေဖန်ကြပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ စစ်တမ်းအရ စာလုံးရေ ၁၀၀ ပါတဲ့ အီးမေးကို AI ကို ရေးခိုင်းရင် 0.14 kilowat-hours လျှပ်စစ်ဓါတ်အား ကုန်ကျတယ်လို့ သိရပါတယ်။ အဲဒီ လျှပ်စစ်ဓါတ်အား ပမာဏဟာ LED မီးလုံး ၁၄ လုံးကို ၁ နာရီ မီးပေးနိုင်ပါတယ်။ AI Data Centers တွေဟာ လက်ရှိမှာ ကမ္ဘာ့ လျှပ်စစ်ဓါတ်အားရဲ့ ၂ ရာခိုင်နှုန်းဝန်းကျင်ကို သုံးစွဲနေပါတယ်။

Ref : msn