vivo T4 ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး ကြီးမားတဲ့ 7,300mAh Battery နဲ့ 90W Charging ထည့်သွင်းထားပါတယ်။ Qualcomm Snapdragon 7s Gen 3 Chipset ပါလာပြီး 12GB RAM အထိ ထည့်ပေးထားပါတယ်။ IP65 ရေစိုခံစံနှုန်းနဲ့ MIL-STD-810H စံနှုန်း ရထားပါတယ်။
Display အတွက် 6.77” Curved AMOLED FHD+ ကို သုံးထားပြီး 120Hz Refresh Rate ပါလာပါတယ်။ 5,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 32MP အရှေ့ ကင်မရာ တပ်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။
အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ထားပါတယ်။ Software က Android 15 အခြေပြု Funtouch OS 15 ဖြစ်ပါတယ်။
vivo T4 အတွက် Emerald Blaze နဲ့ Phantom Grey အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/256GB ကို ၂၅၈ ဒေါ်လာနဲ့ 12/256GB ကို ၃၀၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၉ ရက်နေ့မှာ ရောင်းချမှာပါ။
Ref : gsmarena