realme က စွမ်းရည်မြင့် GT7 ကို ကြေညာလိုက်ပြီး Dimensity 9400+ ထည့်သွင်းထားပါတယ်။ 12GB or 16GB LPDDR5X RAM , 256GB ,512GB or 1TB UFS 4.0 Storage ပါလာပါတယ်။

The Realme GT7 is quite thin and light, given its battery capacity

အဲဒီဖုန်းမှာ 6.8” 1280x2800p Display တပ်ထားပြီး 144Hz Refresh Rate , 1800 Nits Peak Brightness ထည့်ထားပါတယ်။ ကြီးမားတဲ့ 7,200mAh Battery ပါလာပြီး 100W Super Flash Charge ထည့်ထားပါတယ်။ ၁ မိနစ်အားသွင်းရင် ၅ ရာခိုင်နှုန်း တက်ပါတယ်။ Battery သက်တမ်းက ဗီဒီယို ကြည့်ရင် ၁၇ နာရီ ခံပါတယ်။ IP69 ရေစိုခံစံနှုန်း ပါပါတယ်။

Realme GT7: 50+8MP rear and 16MP front cameras

GT7 မှာ 50MP Main (OIS), 8MP Ultrawide အနောက်ကင်မရာ ၂ လုံးနဲ့ 16MP အရှေ့ ကင်မရာ ၁ လုံး တပ်ထားပါတယ်။ အနောက်ကင်မရာက 4K 60fps Video နဲ့ အရှေ့ ကင်မရာက 1080p 60fps Video ရိုက်ကူးနိုင်ပါတယ်။ Under-display Fingerprint Reader ပါပါတယ်။

တရုတ်မှာ realme GT7 ကို ရောင်းချပေးလိုက်ပြီး ဈေးနှုန်းတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။

Ref : Gsmarena