realme က မေလ ၂၇ ရက်နေ့မှာ ကြေညာမယ့် GT 7 အတွက် ကြော်ငြာ Campaign တွေကို ပြုလုပ်နေပြီး Battery ကို အသားပေးထားမယ်လို့ သတင်းထွက်နေပါတယ်။ ကုမ္ပဏီက အခုနောက်ဆုံး မျှဝေလိုက်တဲ့ Teaser မှာ ကြီးမားတဲ့ 7,000mAh Battery ပါလာမယ်လို့ အတည်ပြုထားပါတယ်။ နိုင်ငံတကာမော်ဒယ်မှာ 120W Charging နဲ့ တရုတ် မော်ဒယ်မှာ 100W Charging ပါလာမှာပါ။

Realme GT 7 has a 7,000mAh battery with 120W charging - GSMArena.com news

realme က ကမ္ဘာ့ ပထမဆုံး Graphene Cover IceSense Design လို့ ကြွေးကြော်ထားပြီး အနောက်ဘက်ကို Graphene ၊ Fiberglass နဲ့ တည်ဆောက်ထားမှာပါ။ အဲဒီအတွက် အလွန်မာကျောပြီး SoC ကို အေးမြစေပါတယ်။

realme က SoC အကြောင်းကို မပြောသေးဘဲ မေလ ၂၇ ရက်နေ့ကျမှ ကြေညာနိုင်ပါတယ်။

Realme GT 7 has a 7,000mAh battery with 120W charging - GSMArena.com news

GT 7 ရဲ့ Battery မှာ AI Health Management ၊ အဆင့်မြင့် အပူစုပ်ယူတဲ့ နည်းပညာနဲ့ စမတ် အားသွင်းစနစ် ပါလာမှာ ဖြစ်တဲ့ Battery သက်တမ်း အလွန်ကောင်းသလို ဘေးကင်းလုံခြုံစေပါတယ်။

realme GT 7 ရဲ့ 7,000mAh Battery ကို ၄၀ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်မှာပါ။ ကုမ္ပဏီက ၄ မိနစ်နဲ့ ၃၀ စက္ကန့်အတွင်း အားအပြည့်သွင်းနိုင်တဲ့ 320W Charging နည်းပညာကိုလည်း တီထွင်နေပါတယ်။

Ref : Gsmarena